နိုင်ငံတကာဆက်သွယ်သူများသည် တယ်ဟုန်ပြည်နယ်ခွဲ၏ အလှတရားကို ခံစား

2022-09-14 21:01:31
အရင်းအမြစ်:德宏州委宣传部

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တောင်အာရှနှင့်အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာ၊ အတွင်းမွန်ဂိုလီးယား စိုးလွမ်ကသတင်းစင်တာနှင့် ကွမ်ရှီး BBRTV စသည့် မီဒီယာများမှ သတင်းထောက်များနှင့် ထိုင်းနိုင်ငံ နိုင်ငံတကာဆက်သွယ်သူ စသည့်ပုဂ္ဂိုလ်တို့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာဆက်သွယ်သူများအဖွဲ့သည် မန်စီ စန်းထိုင်ဆန်း တယ်အောက်တိုင်းရင်းသားကျေးရွာ၊ တယ်ဟုန်ပြည်နယ်ခွဲ ဇီဝမျိုးစုံပြသခန်းမ၊ ရွှေလီမြို့စက်မှုလုပ်ငန်းဇုန်၊ လုံချွမ်းကျိုန့်ရှင်းစက်မှု ကုမ္ပဏီလီမိတက် (Zhengxin Industrial Co. Ltd.,) စသည့်ဒေသများကို သွားရောက်လေ့လာခဲ့ကြပါသည်။ တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုးနှင့် အာချမ်းလူမျိုးတို့၏ ရိုးရာစားကောင်းသောက်ဖွယ်များ မြည်းစမ်းကာ တယ်ဟုန်ပြည်နယ်ခွဲ၏ သမိုင်းနှင့် လက်ရှိအခြေအနေ၊ လူမှုယဥ်ကျေးမှုဓလေ့ထုံးစံနှင့် သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုပေါင်းစုံတို့၏ ပေါင်းစည်းမှုကို လက်တွေ့ကျကျ ခံစားခဲ့ကြပါသည်။

“တယ်ဟုန်ရဲ့ စားသောက်မှု အလေ့အထတွေဟာ ထိုင်းနိုင်ငံနဲ့ အများကြီး ဆင်တူပါတယ်။ ဒီကို လာရတာ အိမ်ပြန်ရောက်သလိုပါပဲ”ဟု တရုတ်နိုင်ငံတွင် ၆ နှစ်ကြာ အလုပ်လုပ်ကိုင်နေထိုင်ခဲ့သည့် ထိုင်းနိုင်ငံ နိုင်ငံတကာဆက်သွယ်သူချိန်းရှယ်ထိန်းက ပျော်ရွှင်စွာ ပြောဆိုခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမသည် တယ်ဟုန်ပြည်နယ်ခွဲ၏ တိုင်းရင်းသားရိုးရာယဥ်ကျေးမှုကို ခံစားရာတွင် တယ်ဟုန်ပြည်နယ်ခွဲ၏ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများအကြောင်း လေ့လာနိုင်သည့်အပြင် တယ်ဟုန်ပြည်နယ်ခွဲ၏ ကြွယ်ဝသော တိုင်းရင်းသား အစားအစာများကိုလည်း ခံစားခဲ့ပါသည်။


(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ ဘာသာပြန် - Yunnan gateway)

နိုင်ငံတကာဆက်သွယ်သူများသည် တယ်ဟုန်ပြည်နယ်ခွဲ၏ အလှတရားကို ခံစား