တရုတ်နိုင်ငံ၏ နွေရာသီကျောင်းပိတ်ရက်တွင် ရေပန်းစားသော လေကြောင်း ၁၀ ခုအနက် တစ်ခုအဖြစ် ပါဝင်သော တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဒီနေရာကို သိပါသလား

2022-09-16 19:34:44
အရင်းအမြစ်:德宏州委宣传部

ယခုရက်ပိုင်းတွင် www.133.cn နှင့် မန်စီလေဆိပ်တို့မှ သတင်းအရ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ “တယ်ဟုန် မန်စီ- ကူမင်း ချန်ရွှေ”လေကြောင်းမှာ ပျံသန်းမှုပေါင်း ၁၁၁၆ ဖြင့် တရုတ်နိုင်ငံ၏ နွေရာသီကျောင်းပိတ်ရက်တွင် ရေပန်းစားသော လေကြောင်း ၁၀ ခုအနက် တစ်ခုအဖြစ်ပါဝင်ကာ အဆင့်ခြောက်နေရာတွင် တည်ရှိကြောင်း သိရပါသည်။


“ခရီးသွားလုပ်ငန်းဈေးကွက် ပြန်လည်ဦးမော့လာတာနဲ့ တယ်ဟုန်ဟာ ယူနန်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းဈေးကွက်မှာ ပါဝင်မှု ဆက်လက်မြင့်တက်လာနေတာကို ပြသနေပါတယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးညွှန်ကြားရေးဌာန ဈေးကွက်မြှင့်တင်ရေးနှင့် နိုင်ငံတကာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောဆိုခဲ့ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲသည် နွေရာသီကျောင်းပိတ်ရက်တွင် ရေပန်းစားသော ခရီးသွားနေရာဖြစ်သည့် အလျောက် ထူးခြားသော သဘာဝပတ်ဝန်းကျင်နှင့် တိုင်းရင်းသားဓလေ့ထုံးစံများ ပိုင်ဆိုင်သည့်အပြင် ယခုနှစ် ဧပြီလမှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ တည်ငြိမ်သွားပြီးနောက် တယ်ဟုန် ပြည်နယ်ခွဲသည် ၂၀၂၂ ခုနှစ် တယ်ဟုန်ကော်ဖီထုတ်လုပ်မှုလုပ်ငန်းအစည်းအဝေး၊ တရုတ်ခရီးသွားနေ့၊ တယ်ဟုန်ပြည်နယ်ခွဲ ပထမဆုံးအကြိမ် ယဥ်ကျေးမှုနှင့် ခရီးသွားဓာတ်ပုံပြိုင်ပွဲ စသည့်လှုပ်ရှားမှုများကို ကျင်းပခဲ့ကြောင်း၊ လှပသောရှုခင်းကို ခံစားနိုင်ရန်၊ အရသာရှိသော အစားအစာကို မြည်းစမ်းနိုင်ရန်နှင့် ရိုးရာဓလေ့များကို ခံစားနိုင်ရန် ခရီးသွားများအား ပိုမိုဆွဲဆောင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်လက် ပြောပြပါသည်။

လက်ရှိတွင် တယ်ဟုန်ပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးညွှန်ကြားရေးဌာနသည် မန်စီလေဆိပ်နှင့် ပူးပေါင်းဆောင်ရွက်ကာ လေကြောင်းကုမ္ပဏီအသီးသီးအား ပစ်မှတ်ထားကာ စျေးကွက်ရှာဖွေခြင်း ဖော်ဆောင်လျက်ရှိကြောင်း၊ “လေကြောင်း+ရှုခင်းသာနေရာ” “လေကြောင်း+ ဟိုတယ်”စသည့် လေကြောင်းခရီးစဥ်နှင့်ပေါင်းစပ်သော ခရီးသွားထုတ်ကုန်များကို ဖြန့်ချိရန် စီစဉ်ထားကြောင်း၊ တယ်ဟုန်ပြည်နယ်ခွဲ၏ လေကြောင်းစျေးကွက်နှင့် ခရီးသွားစျေးကွက် ပြန်လည် ဦးမော့လာရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ ဘာသာပြန် - Yunnan gateway)


 

တရုတ်နိုင်ငံ၏ နွေရာသီကျောင်းပိတ်ရက်တွင် ရေပန်းစားသော လေကြောင်း ၁၀ ခုအနက် တစ်ခုအဖြစ် ပါဝင်သော တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဒီနေရာကို သိပါသလား