လန်ချမ်း-မဲခေါင်မြစ် ရေကြောင်းသယ်ယူပို့ဆောင်ရေး ပြန်လည်စတင်
စက်တင်ဘာလ ၁၇ ရက်နေ့တွင် အာလူး ၂၂၆ တန် တင်ဆောင်လာသော “Zijing အမှတ် ၈ ” ကုန်တင်သင်္ဘောသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွမ်းလေဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။ ၎င်းသည် ကွမ်းလေဆိပ်ကမ်းက နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့ရာမှ ပြန်လည်စတင်ခြင်းဖြစ်ပြီး ကုန်တင်သင်္ဘောများအသွားအပြန်သယ်ယူပို့ဆောင် ခြင်း ၂ နှစ်နှင့် ၄ လကျော် ရပ်နားခဲ့သော လန်ချမ်း-မဲခေါင်မြစ်ရေကြောင်းလမ်းသည် ကုန်တင်သယ်ယူ ပို့ဆောင်ရေး ပြန်လည်စတင်ခြင်းကို သက်သေပြလိုက်ခြင်းဖြစ်သည်။
ကွမ်းလေဆိပ်ကမ်းသည် အရှေ့တောင်အာရှနိုင်ငံအသီးသီးသည် တရုတ်နိုင်ငံမှ မဲခေါင်မြစ်သို့ ဝင်ရောက်သော “ပထမဆုံးဆိပ်ကမ်း”ဖြစ်ပြီး တရုတ်ယူနန်မှ အရှေ့တောင်အာရှသို့ ကုန်စည်သယ်ယူရန် အဆင်ပြေသောရေကြောင်းလမ်းဖြစ်သည်။ ၎င်းလမ်းကြောင်းသည် ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန်- Yunnan gateway)