ရွှေလီ အကောက်ခွန်ဌာနသည် ဝှက်ထားသော ကုန်ပစ္စည်းများ မှောင်ခိုမှု အများအပြားကို ဆက်တိုက် ဖမ်းဆီးရမိခဲ့
ရွှေလီ အကောက်ခွန်ဌာနသည် သြဂုတ်လမှစ၍ ပို့ကုန်သွင်းကုန်များ ကြီးကြပ်ကွပ်ကဲသည့်တာဝန်ကို ထမ်းဆောင်ရာတွင် လုပ်ငန်းစဥ်အသီးသီးတွင် ဝှက်ထားသော ကုန်ပစ္စည်းများ မှောင်ခိုမှု အများအပြားကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ရွှေလီ အကောက်ခွန်ဌာနမှ သိရပါသည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် လုံးတောင့်အထွေထွေကုန်သွယ်ရေး အကောက်ခွန်ကြီးကြပ်ရေးစခန်း၌ အကောက်ခွန်အရာရှိသည် ပို့ကုန်များ သယ်ဆောင်သည့် ကုန်တင်ကားတစ်စီးအား ပဏာမ စစ်ဆေးပြီးနောက် ကုန်ပစ္စည်းများတွင် အကောက်ခွန် မတင်ပြသော ကုန်ပစ္စည်းများ ဝှက်ထားသည်ကို တွေ့ရှိခဲ့သည်။ အကောက်ခွန်အရာရှိများက အသေးစိတ် စစ်ဆေး ရေတွက်ပြီးနောက် အဆိုပါကုန်တင်ကားသည် ပန်းကန်ခွက်ယောက်များ၊ လမုန့်များနှင့် မော်တော်ယာဥ်အပိုပစ္စည်းစသည့် အမျိုးအစား ၃၃ မျိုး ပါဝင်သော ကုန်ပစ္စည်း စုစုပေါင်း ၆၃၆၈ ခု ဝှက်ထားကာ ၎င်းကုန်ပစ္စည်း၏ စုစုပေါင်းအလေးချိန်မှာ ၁၀ ဒသမ ၆၃ တန် ရှိသည်ကို စစ်ဆေးတွေ့ရှိပါသည်။ လက်ရှိတွင် ရွှေလီ အကောက်ခွန်ဌာနသည် စည်းမျဥ်းစည်းကမ်းအရ ယင်းအမှုကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဒေသ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးများကို စဉ်ဆက်မပြတ် မြှင့်တင်လာသည်နှင့်အမျှ ရွှေလီအကောက်ခွန်ဌာနသည် ကုန်စည်မှောင်ခိုမှု တားဆီးရန် ဆက်လက်မြှင့်တင်မည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒေသပြည်သူ့လုံခြုံရေးဌာနနှင့် သစ်တောပြည်သူ့လုံခြုံရေးဌာနစသည့်ဌာနများ နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ သတင်းအချက်အလက်မျှဝေခြင်းနှင့် ပူးပေါင်းစုံစမ်းစစ်ဆေးခြင်း ယန္တရားများကို ထူထောင်မည်ဖြစ်ကြောင်း ရွှေလီ အကောက်ခွန်ဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားပါသည်။
(ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့မီဒီယာစင်တာ၊ ဘာသာပြန် - Yunnan gateway)