စီးဆင်းနေသော သဘာဝရေဖြင့် ငါးများ ကောင်းမွန်စွာမွေးမြူ၊ သဘာဝဂေဟစနစ်ကျပြီး ငါးမွေးမြူရေးလည်း တိုးမြှင့်စေ

2022-09-23 18:21:38
အရင်းအမြစ်:盈江县融媒体中心

“ဒီမှာ တောတောင်ရေမြေ သာယာလှပပါတယ်။ သန့်စင်တဲ့ သဘာဝရေဖြင့် ငါးမွေးမြူရေးအတွက် အလွန်ကောင်းမွန်တဲ့ မွေးမြူမှု အခြေအနေတွေကို ပေးစွမ်းပါတယ်။” တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တည်ရှိသော ရင်ကျန်းခရိုင် မန်ရှန့်ကျေးရွာ သဘာဝငါးမွေးမြူရေးအခြေစိုက်စခန်း၌ တောတောင်များဖြင့် ဝန်းရံထားသည်။ စိမ်းလန်းစိုပြည်သော သစ်ပင်များ ရှင်သန်လျက်ရှိပြီး ရာသီဥတု သာယာလှပါသည်။ ရွာသူရွာသားများသည် ငါးကန်များမှ ရေများကို တစ်လှည့်စီ ဖယ်ထုတ်ကြပြီး အသက်ဝင်သော ငါးများကို ဖမ်းပြီးနောက် ဝယ်ယူမှုလိုအပ်ချက်များအရ အသီးသီး ထုပ်ပိုးကာ အောက်ဆီဂျင်ထည့်ပြီး စားသုံးသူများဆီ ပို့ဆောင်မည်ဖြစ်ပါသည်။

“ဒီနှစ် လမုန့်ပွဲတော်မှာ ကျွန်တော်တို့ သဘာဝရေဖြင့် မွေးမြူတဲ့ ငါးတွေရဲ့ ရောင်းရငွေဟာ တရုတ်ယွမ် ၁၅၀,၀၀၀ ရှိပါတယ်။ ရွာသားအိမ်ထောင်စု ၃၀ ကျော်အတွက် အကျိုးပြုခဲ့ပါတယ်”ဟု မန်ရှန့်ကျေးရွာမှ ရင့်ခက်ဖန်က ပြောပါသည်။ ကျွန်ုပ်တို့ ရွာသူရွာသားများ မွေးမြူသော သဘာဝငါးများမှာ ငါးကြီးများဖြစ်သည့်အတွက် မွေးမြူရေးသက်တမ်း ရှည်ကြာကြောင်း၊ ရွာသူရွာသားများအတွက် ငါးများရောင်းချပေးနိုင်သည့်အတွက် ကျွန်ုပ်တို့ရွာတွင် မန်ရှန့်ကျေးရွာစတော့ရှယ်ယာစီးပွားရေး သမဝါယမအသင်းကို ထူထောင်ကာ "သမဝါယမ + လယ်သမား" ၏ရောင်းချမှုပုံစံကို ကျင့်သုံးကြောင်း ၎င်းက ဆက်လက် ပြောသည်။

“ဆောင်းဦးရာသီ ရိတ်သိမ်းပြီးရင် ငါးကန်ကနေ ငါးရောင်းဖို့ ရေကို ထုတ်ယူမယ်”ဟု ရွာသားဖီချောင်ကွမ်က ပြောပါသည်။ အဆိုပါသမဝါယမအသင်းဝင်ပြီးနောက် ငါးကန်တစ်ခုလုံး၏ ငါးများ၏ ရောင်းအားမစိုးရိမ်ဘဲ တစ်ကြိမ်တည်းရောင်းချနိုင်ကြောင်း သူက ဆက်လက် ပြောပါသည်။


(ဆောင်းပါးအရင်းအမြစ် - ရင်ကျန်းခရိုင်မီဒီယာစင်တာ၊ ဘာသာပြန် - Yunnan gateway)

စီးဆင်းနေသော သဘာဝရေဖြင့် ငါးများ ကောင်းမွန်စွာမွေးမြူ၊ သဘာဝဂေဟစနစ်ကျပြီး ငါးမွေးမြူရေးလည်း တိုးမြှင့်စေ