၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားလာရေးနှင့်ယဥ်ကျေးမှုသီတင်းပတ်”အစီအစဥ်ဖြင့် တရုတ်ပြည်၏အလှတရားကို မြန်မာနိုင်ငံပေါက်ဖော်များနှင့်အတူ ရှုစားခဲ့ကြ

2022-09-23 18:24:58
အရင်းအမြစ်:云南日报

“တရုတ်ပြည်၏အလှတရား”ဟူသောအဓိကခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုသီတင်းပတ်”အစီအစဥ်ကို စက်တင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ အွန်လိုင်းနှင့်အော့ဖ်လိုင်းပေါင်းစပ်ပုံစံဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတွင် ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။ လွန်ခဲ့သော ၃ ပတ်ကာလအတွင်း အစီအစဥ်လှုပ်ရှားမှု ၂၈ ရပ်ဖြင့် မြန်မာပြည်သူပြည်သားများအား တရုတ်ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုစီမံကိန်းကောင်း အုပ်စုတစ်စုကို မိတ်ဆက်ပေးခဲ့သည်။ တရုတ်ပြည်၏အလှတရားများအား မြန်မာပေါက်ဖော်များအား မျှဝေခြင်းဖြင့် တရုတ်-မြန်မာအစဉ်အလာချစ်ကြည်ရေးကို စဉ်ဆက်မပြတ် တိုးမြှင့်စေခဲ့သည်။


(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ။)
 

၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားလာရေးနှင့်ယဥ်ကျေးမှုသီတင်းပတ်”အစီအစဥ်ဖြင့် တရုတ်ပြည်၏အလှတရားကို မြန်မာနိုင်ငံပေါက်ဖော်များနှင့်အတူ ရှုစားခဲ့ကြ