တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီး ၁၇ ရက်အကြာ ပျောက်ဆုံးနေသူတစ်ဦးကို အသက်ရှင်လျက်တွေ့ရှိ

2022-09-26 18:54:43
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် အင်အား ၆.၈ ပမာဏရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ၁၇ ရက်အကြာတွင် ပျောက်ဆုံးနေသည့် ရေအားလျှပ်စစ်စခန်း ဝန်ထမ်းတစ်ဦးကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့သည်။

စီချွမ်းပြည်နယ်၊ လူတိန့်ခရိုင်ရှိ ရေအားလျှပ်စစ်စခန်းတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်အရွယ် Gan Yu အား ဒေသခံရွာသားတစ်ဦးက စက်တင်ဘာ ၂၁ ရက်၌ ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စီချွမ်းတက္ကသိုလ်၏ West China Hospital တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ (Xinuha)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီး ၁၇ ရက်အကြာ ပျောက်ဆုံးနေသူတစ်ဦးကို အသက်ရှင်လျက်တွေ့ရှိ