ပထမအကြိမ် တက္ကသိုလ်များမှ မြန်မာစာအဓိကကျောင်းသူကျောင်းသားများ ဗီဒီယိုတိုပြိုင်ပွဲ စတင်ကျင်းပ

2022-09-27 11:33:54
အရင်းအမြစ်:云南日报

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် ပထမအကြိမ် တက္ကသိုလ်များမှ မြန်မာစာအဓိက ကျောင်းသူကျောင်းသားများ ဗီဒီယိုတိုပြိုင်ပွဲကို အွန်လိုင်းပုံစံဖြင့် စတင်ခဲ့ပြီး ၎င်းပြိုင်ဆိုင်မှုအစီအစဥ်ကို Sino-Pipeline International ကုမ္ပဏီလီမိတက်နှင့် ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာနတို့ အတူဦးစီးကျင်းပခြင်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ်ပြိုင်ပွဲအစီအစဥ်တွင် တရုတ်နိုင်ငံတက္ကသိုလ်များမှ မြန်မာစာအဓိကသင်ကြားနေသော ကျောင်းသူကျောင်းသားများအား မျက်နှာပြုပြီး ဘာသာစကား၊ အဆိုအကဖျော်ဖြေရေးအနုပညာနှင့် Micro ရုပ်ရှင်၊ စာပေစသဖြင့်ဖျော်ဖြေရေးပုံစံ ပြိုင်ပွဲအမျိုးအစား ၃ မျိုး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အပြုသဘောဆောင်သော၊ တက်ကြွသောစိတ်ဓာတ်အား ဖော်ပြသည့်လက်ရာများဖြင့် မြန်မာစာမေဂျာ ကျောင်းသူကျောင်းသားများ၏ တက္ကသိုလ်နေထိုင်မှုနှင့် စာသင်ကြားရေးအကြောင်းအရာများ ဖော်ပြရန်၊ ယနေ့ခေတ်ကာလ တက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ အနုပညာအရည်အချင်းနှင့် စိတ်အား တက်ကြွမှုကို ဖော်ပြရန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးသံယောဇဥ်ကို ဖော်ပြရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။ ထို့ပြင် နောက်ဆုံးဆုရလက်ရာများကို ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာနမှ ကျင်းပမည့် “တရုတ်တစ်ပြည်လုံး မြန်မာ့အကြောင်းသုတေသနဆိုင်ရာ လူငယ်ဖိုရမ်”တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သကဲ့သို့ အော့ဖ်လိုင်းဆုချီးမြှင့်ပွဲအခမ်းအနားလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ)
 

ပထမအကြိမ် တက္ကသိုလ်များမှ မြန်မာစာအဓိကကျောင်းသူကျောင်းသားများ ဗီဒီယိုတိုပြိုင်ပွဲ စတင်ကျင်းပ