တရုတ်နိုင်ငံက ဂြိုဟ်တုသစ် ၃ စင်း အာကာသအတွင်းသို့ လွှတ်တင်

2022-09-27 19:21:06
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်ရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၃ စင်းသယ်ဆောင်ထားသော Long March-6 သယ်ဆောင်ရေး ဒုံးပျံအား လွှတ်တင်နေသည်ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဂြိုဟ်တု ၃ စင်း သယ်ဆောင်ထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို အာကာသအတွင်းသို့ စက်တင်ဘာ ၂၆ ရက်တွင် လွှတ်တင်ခဲ့သည်။အဆိုပါ ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံအား တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်ရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်း စံတော်ချိန် နံနက် ၇ နာရီ ၅၀ မိနစ် ခန့်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး Shiyan-16A ၊ Shiyan-16B နှင့် Shiyan-17 ဂြိုဟ်တု ၃ စင်းကို ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Shiyan မှာ တရုတ်လို “စမ်းသပ်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ Shiyan ဂြိုဟ်တု သုံးလုံးသည် မြေယာစစ်တမ်း ကောက်ယူခြင်း၊ မြို့ပြစီမံကိန်းနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျော့ပါးသက်သာရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် လွှတ်တင်မှုမစ်ရှင်သည် Long March စီးရီး ဒုံးပျံများ၏ အကြိမ် ၄၄၀ မြောက် ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံက ဂြိုဟ်တုသစ် ၃ စင်း အာကာသအတွင်းသို့ လွှတ်တင်