ထောင်နှင့်ချီသော မူလတန်းကျောင်းမှ ဆရာများနှင့်ကျောင်းသူကျောင်းသားများသည် နေ့စဥ်စားသုံးရန် ဟင်းသီးဟင်းရွက်နှင့် အသားများ ကိုယ်တိုင်စိုက်ပျိုးမွေးမြူ
ကျင့်ဝိုက်မင်တယ်မူလတန်းကျောင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှမ်းဝေးမြို့တွင် တည်ရှိပြီး ၎င်းသည် ဒေသတွင်းကျေးလက်မူလတန်းကျောင်း ၅ ကျောင်းကို ပေါင်းစပ်တည်ထောင်ထားခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ကျောင်းတည်ဆောက်ပြီးစီးချိန်မှစတင်ပြီး ကျောင်းသူကျောင်းသားများအား ကာယလုပ်အားမှတစ်ဆင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်စေသည့်အပြင် ကျောင်းရှိ ကျောင်းသူကျောင်းသားများ၏ နေ့စဥ်စားသုံးရန် ဟင်းသီးဟင်းရွက်နှင့်အသားများကို ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်တွင် ၎င်းအစီအစဥ်ဆောင်ရွက်နေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။
ကျောင်းဝင်းတွင် ၂၄.၇ ဧကခန့်ကျယ်သော ကာယအလုပ်စခန်းကို တည်ဆောက်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များစွာ မွေးမြူထားသကဲ့သို့ ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း စိုက်ပျိုးထားသည်။ ထို့ပြင် လယ်မြေစိုက်ပျိုးရေးယဥ်ကျေးမှုစင်္ကြံ၊ အပင်နှင့်တိရစ္ဆာန်အထူးနယ်မြေများနှင့် သိပ္ပံနည်းပညာလေ့လာခန်း (ဖန်လုံအိမ်) စသည်တို့ကိုလည်း တည်ဆောက်ထားသည်။ ပုံမှန်အားဖြင့် ကာယအလုပ်စခန်းကို စောင့်ရှောက်ရန် သီးသန့်ဝန်ထမ်းစီစဥ်ထားပြီး အတန်းတိုင်းက တစ်ပတ်လျှင် ကာယလုပ်အားသင်တန်း ၂ ကြိမ် စီစဥ်ထားပေးကာ ကျောင်းသူကျောင်းသားများက ကျွမ်းကျင်ပညာရှင် သီးသန့်ဆရာ၏ ဦးဆောင်မှုဖြင့် လယ်မြေစိုက်ပျိုးရေးနှင့်မွေးမြူရေးအလုပ်ကို ကိုယ်တိုင်ပါဝင်ဆောင်ရွက် ခံစားကြရသည်။
ကျင့်ဝိုက်မင်တယ်မူလတန်းကျောင်းမှ ဆရာနှင့်ကျောင်းသူကျောင်းသား ထောင်ချီ၏ နေ့စဥ်စားသုံးရန် အသားနှင့် ဟင်းသီးဟင်းရွက်များကို အဆိုပါကာယအလုပ်စခန်းမှ ယူလာပြီး ပိုလျှံသော အသားနှင့် ဟင်းသီးဟင်းရွက်များကို စျေးသို့တင်ပို့ရောင်းချကာ ရောင်းရငွေကို စီးပွားရေးအခက်အခဲရှိသော ကျောင်းသူကျောင်းများအား ပံ့ပိုးပေးပါသည်။
(သတင်းရင်းမြစ်- ပြည်သူ့နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊Yunnan gateway)