ရိုးရာသလဲသီးထွက်ဇုန်၌ ပြန်လည်ရှင်သန်လာ

2022-09-29 19:47:50
အရင်းအမြစ်:CRI

ရွှေဆောင်းဦးရာသီအချိန်တွင် ရှမ်ရှီးပြည်နယ် ရှီးအန်းမြို့ လင်းထုံးရပ်ကွက်၌ မိုပေါင်း ၈ သောင်းကျော် ကျယ်ဝန်းသော သလဲသီးများ ခူးဆွတ်ချိန် ရောက်တော့မည်။ ဒေသခံ ပြည်သူများ အတိုင်းအတာ ကြီးမားစွာ သလဲသီးစိုက်ပျိုးခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ရှိပါပြီ။ ယခုနှစ်များအတွင်း ဒေသခံများသည် နည်းလမ်းများစွာဖြင့် သလဲသီးလုပ်ငန်း အသွင်ပြောင်းလဲပြီး အဆင့်တိုးတက်စေကာ ရိုးရာသီးထွက်ဇုန်၌ ပြန်လည်ရှင်သန်စေလာပါသည်။ ယခုတွင် လင်းထုံးရပ်ကွက်၌ နှစ်စဉ် သလဲသီးအထွက်နှုန်း တန် ၈ သောင်းခန့် ရှိပြီး တန်ဖိုး တရုတ်ငွေ ယွမ် သန်း ၅၀၀ ရှိကာ ဒေသတွင်း ကျေးလက်ဒေသများ ပြန်လည်ရှင်သန်ရေး၏ အဓိကလုပ်ငန်းတစ်ခု ဖြစ်လာပါပြီ။

ရိုးရာသလဲသီးထွက်ဇုန်၌ ပြန်လည်ရှင်သန်လာ