ဖိနပ်လျှော်စက်ရောင်းအားသည် အရှိန်ဖြင့် တိုးတက်လျက်ရှိ
တရုတ်နိုင်ငံအီးမော်မာ့စ်စီးပွားရေးပလက်ဖောင်းမှ အချက်အလက်များအရ ယခုနှစ် တရုတ်နိုင်ငံအမျိုးသားနေ့ရုံးပိတ်ရက်၏ ပထမ ၃ ရက်တာ (အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ) အတွင်း ဖိနပ်လျှော်စက် ရောင်းချရငွေသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ်အမျိုးသားရုံးပိတ်ရက် ၇ ရက်တာကာလနှင့်နှိုင်းယှဉ်ပါက ၇ ဆခန့် တိုးမြင့်လာသည်ကို တွေ့ရသည်။ ထို့ပြင် သက်ဆိုင်ရာစာရင်းဇယားများအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဖိနပ်လျှော်စက်၏ အတိုင်းအတာသည် အလုံးရေ ၃ သိန်းအထက် ရှိကြောင်း သိရသည်။
အီးကော်မာ့စီးပွားရေးပလက်ဖောင်းတစ်ခုဖြစ်သော JD.COM တွင် ဖိနပ်လျှော်စက်ဟုရှာဖွေကြည့်ပါက အရေအတွက် ၄၆၀၀၀ ကျော်သော ဖိနပ်လျှော်စက်နှင့်ဆက်စပ်ပစ္စည်းများကိုတွေ့နိုင်သကဲသို့ Taobao တွင်လည်း ဆက်စပ်ပစ္စည်း ၃၀၀၀ ကျော် ရှာဖွေတွေ့ရှိနိုင်သည်။
ဖိနပ်လျှော်စက်၏ စျေးနှုန်းသည် များသောအားဖြင့် တရုတ်ငွေ ယွမ် ၂၀၀ မှ ၆၀၀ အတွင်း ရှိပြီး ယွမ် ၁၀၀၀ ကျော်သော စျေးနှုန်းမြင့်သည့်ကုန်ပစ္စည်းများလည်း ရှိပါသည်။ သာမန်အဝတ်လျှော်စက်နှင့် မတူညီသည်မှာ ဖိနပ်လျှော်စက်သည် ဘီးကဲ့သို့စုတ်တံတစ်ခုပါပြီး ဖိနပ်လျှော်နိုင်ကာ ၎င်းကိုဖြုတ်ထားပါက စောင်နှင့်အဝတ်အထည် လျှော်နိုင်သည်။
“စက်က သေးငယ်ပေါ့ပါးပြီး ရွှေ့ပြောင်းရလည်း အဆင်ပြေတယ်။ ဖိနပ်ကို သန့်ရှင်းအောင် လျှော်နိုင်တယ်။ အလိုအလျောက်ဆေးကြောအခြောက်ခံပေးတော့ လက်တွေကို လွတ်ကင်းစေတယ်။ တော်တော်အကျိုးရှိတယ်”ဟု စားသုံးသူများမှ ဆိုပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်မှ ကောက်နုတ်တင်ပြသည်၊ ဘာသာပြန်- Yunnan gateway)