【ခရီးသစ်သို့ချီတက်ခြင်း】အာဟာရမြှင့်တင်ရေးစီမံကိန်းသည် ကျေးလက်ဒေသမှကျောင်းသူကျောင်းသား ၃၅၀ သန်းအတွက် အကျိုးဆောင်ကြဥ်းပေးခဲ့

2022-10-10 15:50:48
အရင်းအမြစ်:人民日报

၂၀၂၁ ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံ၏ ၉ နှစ်တာ မသင်မနေရပညာရေး (မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း) ကျောင်းသူကျောင်းသားများ အာဟာရမြှင့်တင်ရေးစီမံကိန်းသည် ကျေးလက်မှ ကျောင်းသူကျောင်းသားဦးရေ ၃၅၀ သန်းအတွက် အကျိုးဆောင်ကြဥ်းပေးခဲ့သည်။ World Food Program မှ ကမ္ဘာ့တစ်ဝန်း နိုင်ငံပေါင်း ၁၆၉ နိုင်ငံကို စစ်တမ်းကောက်ယူမှုအရ တရုတ်နိုင်ငံသည် ကမ္ဘာ့တစ်ဝန်းတွင် အနည်းငယ်ဖြစ်သော မူလတန်းကျောင်းနှင့်အလယ်တန်းကျောင်းများတွင် ကျောင်းသူကျောင်းသားအား အာဟာရပြည့်ဝသော အစားအစာပံ့ပိုးပေးသည့် နိုင်ငံများအနက်တစ်ခု ဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ကျောင်းသူကျောင်းသားတစ်ချို့က ကျောင်းတက်ဖို့ တောင်တက်လမ်းကို ၃၊ ၄ ကီလိုမီတာ လမ်းလျှောက်ကြရတယ်။ နေ့လယ်စာအတွက် အခက်အခဲရှိတယ်။ အဲဒီစီမံကိန်းဆောင်ရွက်ချိန်ကစတင်ပြီး ကျောင်းသူကျောင်းသားတွေက ပိုစားကောင်းလာကြတယ်။ အရပ်ရှည်လာတယ်၊ ကျန်းမာရေးလည်းပိုကောင်းလာကြတယ်”ဟု တရုတ်နိုင်ငံ နင်ရှဒေသမှ မူလတန်းကျောင်း ကျောင်းအုပ် လီနင်မှ ဝမ်းမြောက်စွာ ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် ဝင်စန်းကျွမ့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ချိုးပေခရိုင်တွင် “အလယ်တန်းနှင့် မူလတန်းကျောင်း စားသောက်ခန်း အထွေထွေစီမံအုပ်ချုပ်ရေးပလက်ဖောင်း”သည် များစွာ အကျိုးပြုခဲ့သည်။ သက်ဆိုင်ရာစီမံခန့်ခွဲသူသည် စားနပ်ရိက္ခာပံ့ပိုးပေးသည့် ကုမ္ပဏီလီမိတက်၏ အစားအစာအရည်အသွေး၊ ငွေကြေးပေးဆောင်ခြင်းစသည့်လုပ်ငန်းစဥ်များကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲနိုင်ကြပါသည်။

တရုတ်နိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှ စာရင်းများအရ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၊ အာဟာရမြှင့်တင်ခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သော နေရာများတွင် အမျိုးသမီးတို့၏ အရပ်သည် ပျမ်းမျှအားဖြင့် ၄.၁-၄.၂ စင်တီမီတာ တိုးမြင့်လာပြီး ကိုယ်အလေးချိန်သည်လည်း ပျမ်းမျှအားဖြင့် ၃.၃-၃.၅ ကီလိုဂရမ် တိုးလာကြောင်း သိရပါသည်။
(သတင်းရင်းမြစ်- ပြည်သူ့နေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway) 

 

【ခရီးသစ်သို့ချီတက်ခြင်း】အာဟာရမြှင့်တင်ရေးစီမံကိန်းသည် ကျေးလက်ဒေသမှကျောင်းသူကျောင်းသား ၃၅၀ သန်းအတွက် အကျိုးဆောင်ကြဥ်းပေးခဲ့