တရုတ်နိုင်ငံကွမ်တုံးပြည်နယ်ရွှင့်တယ်ရပ်ကွက်၌ အပူပေးစက်ထုတ်လုပ်မှု အလုပ်များနေ

2022-10-10 15:52:36
အရင်းအမြစ်:新华网

ဥရောပသမဂ္ဂ၏ အပူပေးမှုဈေးကွက် ဝယ်လိုအားသစ်ကို ခန့်မှန်းခြင်းဖြင့် တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်ဖော်စန်းမြို့ ရွှင့်တယ်ရပ်ကွက်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီအချို့သည် ဈေးကွက်၏ အပူပေးမှု လိုအပ်ချက်နှင့် လိုက်လျောညီထွေသော ကုန်ပစ္စည်း များကို သုတေသနပြု ထုတ်လုပ်ကြပါသည်။ ကွမ်ကျိုးမြို့ အကောက်ခွန်ဌာနမှ စာရင်းအရ ၂၀၂၂ခုနှစ် ဇွန်လမှ သြဂုတ်လအထိ ဖော်စန်းမြို့မှ ဥရောပသမဂ္ဂအား တင်ပို့ရောင်းချသော လျှပ်စစ်ရေပူပေးစက်၊ လျှပ်စစ်အပူပေးစောင်၊ လျှပ်စစ်အပူပေးစက် စသော အပူပေးကုန်ပစ္စည်းများ၏တန်ဖိုးသည် တရုတ်ငွေ ယွမ် (၉၄)သန်းရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် (၁၅၄.၄%) တိုးများလာပါသည်။


(သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းဌာန၊ ဘာသာပြန်၊ Yunnan gateway)
 

တရုတ်နိုင်ငံကွမ်တုံးပြည်နယ်ရွှင့်တယ်ရပ်ကွက်၌ အပူပေးစက်ထုတ်လုပ်မှု အလုပ်များနေ