【ခရီးသစ်သို့ချီတက်ခြင်း】“ ကြီးပြင်းလာတာနဲ့ ဆရာမလိုလူ ဖြစ်လာခဲ့ပါတယ်”

2022-10-11 11:25:18
အရင်းအမြစ်:新华网

“ဆရာမကျန်း၊ သိပါသလား။ သမီး ကြီးပြင်းလာတာနဲ့ ဆရာမ ဖြစ်ချင်တဲ့ အိပ်မက် ဖြစ်မြောက်နိုင်ခဲ့တယ်။ ဆရာမကျန်းလို စာသင် ခန်းမှာ စာသင်ပို့ချနေတယ်။ ဆရာမဟာ နေရောင်ခြည်လိုပဲ သမီးရဲ့ ဘဝတစ်လျှောက်လုံး ထွန်းလင်းပေးခဲ့ပါတယ်။ ”

“ဆရာမကို အလွန် လွမ်းမိပါတယ်။ သမီးတို့ ကျောင်းတက်တုန်းက ဆရာမဟာ သမီးတို့ကို အားပေးတာ၊ သူရဲကောင်း လက္ခဏရပ် အကြောင်းတွေ ပြောပြပေးတာ အမြဲတမ်း သတိရပါတယ်။ ဆရာမ မျှော်လင့်ထားသလို သမီးဟာ ပြည်သူလူထု စိတ်ကျေနပ်တဲ့၊ အရည်အချင်း ပြည့်ဝတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ”

“ဆရာမကျန်း၊ သမီးကို အမျိုးသမီးအထက်တန်းကျောင်းတက်နိုင်ဖို့ အခွင့်အလမ်းပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဗဟုသုတတွေ လေ့လာဆည်းပူးတဲ့ အခွင့်ကောင်းကြောင့် လက်ရှိအချိန်မှာ သမီးဟာ မတူညီတဲ့ သာယာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်တာပါ။” ၎င်းဆရာမသည် ကျန်းကွေ့မေ ဟု ခေါ်ပါသည်။ ယူနန်ပြည်နယ် လီကျန်းမြို့ ဟွာဖိန်အမျိုးသမီးအထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်ပါသည်။ ကျန်းကွေ့မေသည် နှစ်ပေါင်း ၄၀ ကျော်တွင် နယ်စပ်ဒေသရှိ ပညာရေး ရှေ့တန်း အလုပ်အကိုင်နေရာတွင် အခြေစိုက်ကာ ချစ်ခြင်းမေတ္တာနှင့်ဉာဏ်ပညာဖြင့် တောတောင်ဒေသမှ မိန်းကလေးများ၏ ဘဝအိပ်မက်ကို ထွန်းလင်းပေးခဲ့ပါသည်။ သူမသည် တရုတ်နိုင်ငံ၏ ပထမဆုံး အစိုးရပိုင် အခမဲ့အမျိုးသမီးအထက်တန်းကျောင်းတည်ထောင်ရန် တစိုက်မတ်မတ် တွန်းအားပေးခဲ့သည်။ ၎င်းကျောင်းထူထောင်သည့် ၁၂ နှစ်ကာလအတွင်း မိန်းကလေး ၁၈၀ဝ ကျော်အား တောတောင်ဒေသမှတစ်ဆင့် တက္ကသိုလ် တက်ရောက်လေ့လာရန် အားပေးကူညီပေးခဲ့ပါသည်။ ဆင်းရဲနွမ်းပါး တောတောင်ဒေသမှ မိန်းကလေးများ၏ ဘဝ ကံကြမ္မာကို ဗဟုသုတ လေ့လာခြင်းဖြင့် ပြောင်းလဲကာ ပညာရေး၏ အကျိုးကျေးဇူးဖြင့် ဆင်းရဲနွမ်းပါးမှု မျိုးဆက်လက်ဆင့်ကမ်းခြင်းကို ပိတ်ပင်တားဆီးအဆက်ဖြတ်လိုက်ပါတော့သည်။ ကျန်းကွေ့မေသည် တောတောင်ဒေသမှ မိန်းကလေးများစွာ၏ လူနေမှုဘဝ အိပ်မက်များအား ထွန်းလင်းပေးခဲ့ပါသည်။ ဆရာမကျန်း အား စိတ်ကြည်နူးစေသည်မှာ သူမ၏ တပည့်များစွာသည် တက္ကသိုလ် ကျောင်းအောင်ခဲ့ရာမှ တောတောင်ဒေသကို ပြန်ရောက်ပြီး ပတ်ဝန်းကျင် အခက်ခဲဆုံးသော လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ရန် ရွေးချယ်ခဲ့ပါ သည်။ “ ကြီးပြင်းလာတာနဲ့ ဆရာမလိုလူ ဖြစ်လာခဲ့ပါတယ်”ဟု သူမ တပည့်များသည် ကျန်းကွေ့မေကို အမြဲတမ်း ပြောလိုက်ကြပါသည်။

၂၀၂၂ ခုနှစ်တွင် ဆရာမကျန်းကွေ့မေသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ “တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတဲ့အတွက် ကျွန်မ အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မတို့က တောင်ကြီးလျှိုမြောင်ဒေသရဲ့ မီးအလင်းတစ်စလို အကျိုးဆောင်ပေးပြီး ကလေးတွေရဲ့ ရှေ့ရေး အနာဂတ်လမ်းကြောင်းကို ထွန်းလင်း‌တောက်ပ စေမယ်”လို့သူက ပြောကြားခဲ့သည်။

(သတင်းရင်းစြမ်၊ ဆင်ဟွာသတင်းကွန်ရက်မှ ကောက်နုတ်တင်ပြသည်၊ ဘာသာပြန်၊ မင်္ဂလာမဂ္ဂဇင်း၊ Yunnan gateway)
 

【ခရီးသစ်သို့ချီတက်ခြင်း】“ ကြီးပြင်းလာတာနဲ့ ဆရာမလိုလူ ဖြစ်လာခဲ့ပါတယ်”