ကမ္ဘာ့အမြင့်ဆုံးလျှပ်စစ်ဗို့အားအဆင့် Convertor စခန်းစစ်ဆေးခြင်းပြီးစီး
အောက်တိုဘာလ ၉ ရက်နေ့တွင် ချမ်းကြည်-ကူချွမ် ±၁၁၀၀ KV အထူးဗို့အားမြင့်လျှပ်စစ်ဗို့အား Direct Current လျှပ်စစ်ပို့ဆောင်ရေးလမ်းကြောင်း၏ နောက်ဆုံးလျှပ်စစ်လက်ခံရေးစခန်းဖြစ်သော တရုတ်နိုင်ငံ အမ်းဟွေးပြည်နယ် ကူချွမ်လျှပ်စစ်ဗို့အားအဆင့် Convertor စခန်းဆိုင်ရာ စစ်ဆေးခြင်းအလုပ် ပြီးစီးခဲ့ပါသည်။ သက်ဆိုင်ရာဝန်ထမ်းများသည် စစ်ဆေးခြင်းလုပ်ငန်းစဉ်ပေါင်း ၅၂၀၀ ကျော်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခြင်းဖြင့် လျှပ်စစ်ကွန်ရက်၏ လုံခြုံတည်ငြိမ်စွာ လည်ပတ်ရေးအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ချထားပေးခဲ့သည်။
ချမ်းကြည်-ကူချွမ် ±၁၁၀၀KV အထူးဗို့အားမြင့်လျှပ်စစ်ဗို့အား Direct Current လျှပ်စစ်ပို့ဆောင်ရေးလမ်းကြောင်း စီမံကိန်းသည် ရှင်းကျန်းဒေသချွမ်းကြည် Convertor စခန်းမှ စတင်ပြီး ယခုအချိန်ထိတိုင် ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားဗို့အား အမြင့်ဆုံးသော၊ ပို့ဆောင်ရေးလမ်းကြောင်းအရှည်လျားဆုံးသော၊ လျှပ်စစ်ဗို့အားထုတ်လွှတ်မှုစွမ်းရည်အများဆုံးသော လျှပ်စစ်ပို့ဆောင်ရေးစီမံကိန်းဖြစ်သည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)