တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသရှိ အကြီးမားဆုံးသော ဆယ်လမွန်ငါးမွေးမြူရေးစခန်း
2022-10-14 15:38:43
အရင်းအမြစ်:新华网
ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ချွုံချင့်မြို့ လျှောင်ကြည်ကျေးရွာအုပ်စုသည် ရေအေးငါးမွေးမြူရေးအား ထူးခြားချက်လက္ခဏာပါသော လုပ်ငန်းတစ်ရပ်အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါသည်။ နှစ်စဥ်နှစ်တိုင်းတွင် ဒိန်းမတ်၊ နော်ဝေး၊ အမေရိကန်စသည့်နိုင်ငံမှ အရည်အသွေးမြင့် rainbow trout (ခ) သက်တံခွန်ငါး အပါအဝင် ဆယ်လမွန်ငါးဥ ၃.၅ သိန်း တင်သွင်းလာပြီး ဆယ်လမွန်ငါး မွေးမြူလျက်ရှိသည်။
လျှောင်ကြည်ကျေးရွာအုပ်စုသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် ဆယ်လမွန်ငါးကိုသာ မွေးမြူသော အကြီးမားဆုံး နေရာဖြစ်လာသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်တင်ပြသည်။ ဘာသာပြန်- Yunnan gateway)