ခေတ်သစ် ၁၀ နှစ်အတွင်းတွင် တရုတ်နိုင်ငံနှင့်သံတမန်ဆက်ဆံရေးထားရှိသော နိုင်ငံ ၁၇၂ နိုင်ငံမှ ၁၈၁ နိုင်ငံအထိ တိုးလာ
2022-10-21 17:53:43
အရင်းအမြစ်:CRI
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တရုတ်ကွန်မြူနစ်ပါတီကော်မတီဝင်၊ ဒုနိုင်ငံခြားရေးဝန်ကြီးမာချောင်ရွှေသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ခေတ်သစ် ၁၀ နှစ်အတွင်းတွင် တရုတ်ထူးခြားချက်ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေးသည် ကဏ္ဍစုံ ဆန်းသစ်သော သမိုင်းဝင်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိသော နိုင်ငံများသည် ၁၇၂ နိုင်ငံမှ ၁၈၁ နိုင်ငံအထိ တိုးများလာကြောင်း၊ ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် မိတ်ဖက်ဆက်ဆံရေး ထားရှိမှုပမာဏမှာ ၄၁ တွဲ မှ ၁၁၃ တွဲ အထိ တိုးလာကြောင်း ပြောကြားခဲ့သည်။