ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း လျှောက်လှမ်းသည့် တရုတ်နိုင်ငံသည် ကမ္ဘာကြီး၏ အမြဲတစေ အခွင့်အလမ်း ဖြစ်သည်
ပေကျင်း၌ ကျင်းပနေသော တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှာ ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ညီလာခံသို့ တင်ပြထားသည့် အစီရင်ခံစာမှာ တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရန်နှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဖြစ်သည့် နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်ကို တစ်လျှောက်လုံး စွဲကိုင်ပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်မှုကို အစွမ်းကုန် တွန်းအားပေးနေကြောင်း ဖေါ်ပြထားပါသည်။ ယင်းသည် တရုတ်နိုင်ငံ၏ ခေတ်မီရေးကို ငြိမ်းချမ်စွာ တိုးတက်စေရေးဆိုင်ရာ သန္နိဋ္ဌာန်နှင့် ယုံကြည်စိတ်ကို ပြသထားပါသည်။
နိုင်ငံတကာ အကဲခတ် ပညာရှင် တော်တော်များများက ဘာဖြစ်လို့ တရုတ်နိုင်ငံက နှစ်ပေါင်း သုံးလေးငါးဆယ်နှင့်သာ ဖွံ့ဖြိုးဆဲနိုင်ငံများက နှစ်ပေါင်း သုံးလေးငါးရာနှင့် ဖြတ်သန်းရသည့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးသည့် လမ်းစဉ်ကို ပြီးမြောက်အောင် ဖြတ်သန်း နိုင်ခဲ့ပြီး စီးပွားရေး လျင်မြန်စွာ တိုးတက်ခြင်းနှင့် လူမှုရေး ရေရှည် တည်ငြိမ်ခြင်း ဖြစ်သည့် အံ့ဖွယ် နှစ်ခုကို ဖန်တီးနိုင်ခဲ့သနည်း ဟူခြင်းကို လေ့လာစူးစမ်းနေကြပါသည်။
ယင်းသည် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများကို ဦးဆောင်ပြီး ဆင်းရဲပင်ပန်း ခက်ခဲမှုများခံ၍ ကြိုးပမ်းအားထုတ်သည့် ရလဒ်ဖြစ်သလို တရုတ်ကွန်မြူနစ်ပါတီက ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ရေစီးကြောင်းအတိုင်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း လျှောက်လှမ်းရန် အစဉ်တစိုက် စွဲကိုင်ခြင်း၏ ရလဒ်လည်း ဖြစ်သည်။
ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည် တရုတ်နိုင်ငံ၏ ခေတ်မီရေးကို လျင်မြန်စွာ ဖေါ်ဆောင်စေနိုင်ခဲ့သည့်အပြင် ကမ္ဘာ့ ငြိမ်းချမ်းရးနှင့် တိုးတက်ရေးအတွက်လည်း အပြုသဘောဆောင်သော စွမ်းအားများကို ထည့်သွင်းပေးခဲ့ပါသည်။ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်ပြည်စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပျမ်းမျှ အကျိုးပြုစွမ်းဆောင်မှုနှုန်းမှာ ၃၈.၆ ရာခိုင်နှုန်း ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်ရေးဆိုင်ရာ ပထမမောင်းနှင်အား ဖြစ်လာပါသည်။
ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးရေး၏ အခြေခံဖြစ်ပြီး ဖွံ့ဖြိုးရေးသည် ငြိမ်းချမ်းရေး၏ အာမခံချက် ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်သည့် တစ်ချိန်တည်းတွင် မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပြီး မိမိကိုယ်တိုင်၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ပိုမို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်၍ အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုကို အားသစ်လောင်းပေးခြင်းသည် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပင် ဖြစ်သည်ဟု China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။