တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်ရွှေခရိုင်တွင် ချောက်ကမ်းပါးလမ်းပိုင်းတစ်ခု ပြုပြင်ပေးခဲ့

2022-10-21 18:53:04
အရင်းအမြစ်:人民网

အောက်တိုဘာလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ဖုန်ရွှေခရိုင်၌ ချောက်ကမ်းပါးနေရာ တစ်နေရာအနီး၏ လမ်းပိုင်းကို သက်ဆိုင်ရာဝန်ထမ်းများက ကတ္တရာလမ်း ခင်းကျင်းခဲ့ပြီး လမ်းကြောင်းတစ်ခုလုံး အဆင်ပြေစွာ ပြေးဆွဲနိုင်ရန် နောက်ဆုံးလုပ်ငန်းရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

မကြာသေးမီရက်ပိုင်းက ဖုန်ရွှေလမ်းပန်းဆက်သွယ်ရေးဌာနသည် လမ်းကြောင်းများစစ်ဆေးရာတွင် အဆိုပါလမ်းပိုင်းသည် တောင်ပြိုခြင်း၊ ကျောက်တုံးများကျနိုင်ခြင်းစသည့် ဖြစ်နိုင်ခြေအန္တရာယ်များ ဖြစ်ပေါ်နိုင်ဖွယ်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာဝန်ထမ်းများသည် ၎င်းချောက်ကမ်းပါးအနီးတွင် မီတာ ၅၈၀ ၊ အမြင့် ၈ မီတာမှ ၃၀မီတာအထိ ရှိသော လမ်းကြောင်းအား ပြုပြင်ပေးခဲ့သည်။
(သတင်းရင်းမြစ်- people.com ၊ ဘာသာပြန်- Yunnan gateway)

 

တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်ရွှေခရိုင်တွင် ချောက်ကမ်းပါးလမ်းပိုင်းတစ်ခု ပြုပြင်ပေးခဲ့