အဲဒီ မျက်လုံးကြီးကြီးအမျိုးသမီးကို မှတ်မိသေးလား
၁၉၉၁ ခုနှစ်တွင် “ကျွန်တော် ကျောင်းတက်ချင်ပါတယ်”ဟူသောခေါင်းစဥ်ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံထဲတွင် မျက်လုံးကြီးကြီးအမျိုးသမီး စူးမြင်ကျွမ်းသည် ကျေးလက်ဒေသမှ ကျောင်းမတက်နိုင်သော ကလေးများအား လူအများကို အာရုံစိုက်စေခဲ့သည်။ ကြင်နာမှုရှိသူများသည် စူးမြင်ကျွမ်းကို ကူညီပေးခဲ့ကြသည်။ “တစ်ချို့ကလေးတွေက မုန့်ဖိုးတွေကို ကျွန်မဆီ ပို့ပေးခဲ့တယ်။ တစ်ချို့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက ကျောင်းဆင်းချိန်အလုပ်ရငွေကြေးကို ကျွန်မဆီကို ပို့ခဲ့တယ်။ ပင်စင်စားအဖိုးအိုတစ်ဦးကလည်း ကျွန်မမူလတန်းကနေ အထက်တန်းထိ ပွဲတော်ကြုံတွေ့ပါက အချိုနဲ့နေ့စဥ်သုံးပစ္စည်းတွေ ကျွန်မဆီကို ပို့ပေးခဲ့တယ်”ဟု စူးမြင်ကျွမ်းမှ ပြောကြားခဲ့သည်။ သူသည် ၎င်းတို့အခြေအနေကို ပြန်တွေးသည့်အခါ စိတ်ထဲတွင် အဆိုပါကျေးဇူးတရားများမှာ ထင်ရှားပေါ်လွင်နေပေသည်။
(ပုံ--Industrial and Commercial Bank of China အမ်းဟွေးဘဏ်ခွဲ)
၂၀၀၂ ခုနှစ်တွင် စူးမြင်ကျွမ်းသည် တရုတ်နိုင်ငံ အမ်းဟွေးပြည်နယ်ရှိ အသက်မွေးဝမ်းကျောင်း တစ်ကျောင်းတွင် ပညာလေ့လာခဲ့ပြီး Industrial and Commercial Bank of China အမ်းဟွေးဘဏ်ခွဲ၌ အလုပ်ဝင်ရောက်လုပ်ခဲ့သည်။ သူသည် ပရဟိတအစီအစဥ်များတွင် စဉ်ဆက်မပြတ် ပါဝင်ခြင်းဖြင့် လူမှုလောကကို ပြန်လည်ကျေးဇူးဆပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှ စတင်ပြီး သူသည် မိမိ၏ စုငွေကို ထုတ်ယူပြီးနောက် “စူးမြင်ကျွမ်း ကျောင်းတက်ရန် ထောက်ပံ့ရေးရန်ပုံငွေ”ကို တည်ထောင်ခဲ့ပြီး ငွေကြေးချို့တဲ့သော ကျောင်းသူကျောင်းသားများကို ကျောင်းတက်နိုင်ရန် ထောက်ပံ့ပေးခဲ့သည်။
(သတင်းရင်းမြစ်- ပြည်သူ့နေ့စဥ်သတင်းစာ Wechat အကောင့်၊ ဘာသာပြန်- Yunnan gateway)