၂၀၂၂ ခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီသစ်တွင် မန်စီလေဆိပ်သည် လမ်းကြောင်းများစွာ တိုးချဲ့ကာ ပြန်လည်စတင်မည်

2022-10-27 19:30:35
အရင်းအမြစ်:德宏芒市机场

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီလေဆိပ်မှ သတင်းအရ အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်၍ ခရီးသည်များ၏ ခရီးသွားလာမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မန်စီလေဆိပ်သည် ရာသီအလိုက် လမ်းကြောင်းကွန်ရက်ကို တက်ကြွစွာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပြီး ပျံသန်းမှု အစီအစဉ်များကို ချိန်ညှိသွားမည်ဖြစ်ကြောင်းနှင့် လမ်းကြောင်းများစွာကို တိုးချဲ့ကာ ပြန်လည်စတင်မည် ဖြစ်ကြောင်း သိရပါသည်။

၂၀၂၂ ခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီသစ်တွင် မန်စီလေဆိပ်သည် မန်စီမှ ရှန်ဟိုင်း ဖူတုန်း၊ ကွမ်ကျိုး၊ ကူမင်း၊ ချန်ဒူ၊ ချန်ရှား၊ ဟန်ကျိုး၊ ချုံချင့်၊ ကျယ့်ရန်၊ ချွမ်ကျိုး၊ စစ်ဆောင်ပန်းနား စသည့်မြို့ပြများသို့ တိုက်ရိုက်ပျံသန်းမှုလေကြောင်းများ ဖွင့်လှစ်မည်ဖြစ်သည်။ မန်စီမှစတင်ပျံသန်းပြီး ကူမင်းမှတစ်ဆင့် ပေကျင်းတာ့ရှင်း၊ ဝူရှီ၊ ရှိန်ကျိန့်၊ ရှာမိန်သို့ လမ်းကြောင်းများ၊ ဖူအော်မှတစ်ဆင့် ချန်ရှားသို့ လမ်းကြောင်းနှင့် စစ်ဆောင်ပန်းနားမှတစ်ဆင့် ဝူဟူသို့ လမ်းကြောင်းစသည့် လမ်းကြောင်း ၆ ကြောင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။ ထိုအချိန်တွင် မန်စီလေဆိပ်မှ ပျံသန်းနိုင်သောမြို့ပြ ၁၆ ခုအထိ ရှိလာမည် ဖြစ်ပါသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ မန်စီလေဆိပ်။ ဘာသာပြန် - Yunnan gateway)

၂၀၂၂ ခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီသစ်တွင် မန်စီလေဆိပ်သည် လမ်းကြောင်းများစွာ တိုးချဲ့ကာ ပြန်လည်စတင်မည်