မူကြိုကျောင်းကို အိမ်ရှေ့ခန်းမှာပင် ဖွင့်လှစ်
ယနေ့တရုတ်နိုင်ငံတွင် ကလေးငယ်ရှိသည့် မိသားစုများ၏ ရာခိုင်နှုန်း(၃၀)ကျော်သည် မူကြို ကျောင်းထားရှိရန် လိုအပ်ချက်ရှိကြောင်း၊ ရပ်ကွက်အနီးအနားရှိ ကလေးထိန်းဝန်ဆောင်မှု စျေးကွက်သည် လိုလားမှုကြီးမားနေကြောင်း တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မတီမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရပါသည်။ ထို့အတူ ကလေးထိန်းမူကြိုကျောင်း များ၏ ပညာသင်ကြားရေးအရည်အသွေး၊ ကျွမ်းကျင်မှု၊ လုံခြုံမှု စသည်တို့အပေါ် ပိုမို မြင့်မားသောတောင်းဆိုချက်များလည်း ရှိလာပါသည်။
ယခုနှစ်ပိုင်း တရုတ်နိုင်ငံတွင် အစိုးရလမ်းညွှန်စျေးနှုန်းကလေးထိန်းမူကြို အထူးစီမံကိန်းကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ ကလေးထိန်းမူကြိုတစ်နေရာ အသစ်တိုးတိုင်း တရုတ် ငွေ ယွမ်(၁)သောင်း ထောက်ပံ့ပေးသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံ တစ်နိုင်ငံ လုံးတွင် လူတစ်ထောင်လျှင် ကလေးထိန်းမူကြိုနေရာ(၂.၀၃)ခုခန့်ရှိပြီး အစိုးရလမ်းညွှန် စျေးနှုန်း ကလေးထိန်းမူကြိုဝန်ဆောင်မှုထောက်ပံ့ရေးကို တိုးချဲ့ ဆောင်ရွက်နေခြင်းဖြင့် အများပြည်သူ၏ နေ့စဉ်နှင့်အမျှတိုးပွားလာနေသည့် ကလေးထိန်းမူကြိုဝန်ဆောင်မှု လိုလားချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးလျက်ရှိပါသည်။
ဟူပေပြည်နယ် ဝူဟန့်မြို့ ရွှင်ဝမ်းရပ်ကွက်ကို သာဓကပြုပါက ယခုအဆိုပါရပ်ကွက်တွင် ကလေးထိန်းမူကြို(၄၇)ခုရှိပြီဖြစ်ပြီး ၎င်းတို့အနက် အစိုးရလမ်းညွှန်စျေးနှုန်းကလေးထိန်း မူကြို (၈)ခုရှိကာ ရပ်ကွက်အတွင်းရှိ လမ်း(၆)လမ်းကို လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။ ဇူလိုင် လကုန်အထိ ရပ်ကွက်တစ်ခုလုံးတွင် ကလေးထိန်းမူကြိုနေရာ (၂၆၆၅)ခုရှိပြီး မူကြိုကျောင်း တက်နေသောကလေးငယ် စုစုပေါင်း(၁၀၅၆)ဦး ရှိသည်။
(သတင်းရင်းမြစ်၊ people.com ၊ ဘာသာပြန်၊ Yunnan gateway)