လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကတည်းက ထိုက်ဟန်တောင်တန်းတွင် မျက်မမြင်အနုပညာအဖွဲ့တစ်ဖွဲ့ရှိခဲ့
တရုတ်နိုင်ငံ ထိုက်ဟန်တောင်တန်းတစ်လျှောက် လင်ချွမ်းခရိုင်ရှိဒေသခံများအတွက် “မျက်မမြင် အနုပညာအဖွဲ့” တစ်ဖွဲ့သည် ကျားမမရွေး၊ လူကြီးလူငယ်များအားလုံး သိကျွမ်းပါသည်။ ၎င်းအနု ပညာအဖွဲ့သည် ၁၉၄၆ ခုနှစ်မှ စတင်တည်ထောင်ပြီး ပထမဆုံးအပိုင်းကာလတွင် သူတို့သည် အိုးစည် အပါအဝင် သာမန်တူရိယာ နှစ်ခု၊ သုံးခုသာပါပြီး ကျေးရွာအသီးသီးတွင် အနုပညာဖျော်ဖြေမှုအစီအစဥ် ကို တင်ဆက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါသည်။
အဆိုပါမျက်မမြင်အနုပညာအဖွဲ့တွင် လူငယ် ၁၀ ဦးကျော်ပါရှိပြီး သူတို့သည် အနုပညာနှင့် တူရိယာ တီးမှုတ်ခြင်းအား သင်ယူလေ့လာသည့်အပြင် အဖွဲ့အတွင်း ယဥ်ကျေးမှုနှင့် အတတ်ပညာသင်ယူ လေ့လာခြင်းလည်း ရရှိပါသည်။
အသက် ၃၈ နှစ်ရှိ တေးဂီတပညာရှင် ဆရာစုန့်မင်ရွှင်သည် ၎င်းမျက်မမြင်အနုပညာအဖွဲ့၏ ပထမ အသုတ် ကျောင်းသားများအနက် တစ်ဦးဖြစ်သည်။ “၁၉၉၅ ခုနှစ်မှာ အနုပညာအဖွဲ့က ကျွန်တော်အပါ အဝင် ကလေး ၈ ယောက်ကို လက်ခံတယ်။ အဖွဲ့မှူးဟောင်းက ကျွန်တော်တို့အတွက် စာသင်ခန်းတစ်ခု ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ထိုစဥ်မှာ အဖွဲ့ဝင်တစ်ချို့က သဘောမတူဘူး။ မျက်မမြင်အနုပညာအဖွဲ့က စီးပွားရေး တော်တော်လေး အကျဥ်းအကျပ်ဖြစ်ခဲ့တယ်။ ကလေးတွေကို စာသင်ပေးစွမ်း မရှိနိုင်ဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ အဖွဲ့မှူးဟောင်းက အဲဒီအစီအစဥ်ကို မယိမ်းမယိုင် စွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့က စာမတတ်ဘူး။ ကလေးတွေကိုတော့ စာမတတ်တာမျိုး မဖြစ်စေရဘူးလို့ သူက ဆိုခဲ့တယ်။” ဆရာစုန့်မင်ရွှင်သည် အတိတ်ကအကြောင်းပြန်လည်တွေးမိပြီး ယခုကဲ့သို့ ပြောကြားခဲ့သည်။
ယခုနှစ်ပိုင်းတွင် ဒေသအစိုးရ၏ထောက်ပံ့မှုဖြင့် ၎င်းမျက်မမြင်အနုပညာအဖွဲ့သည် “မျက်မမြင် ကလေးများ အထူးစာသင်ခန်း”ကို တည်ဆောက်ထားသည်။ ကလေးများသည် ထောက်ပံ့မှုငွေကြေး လက်ခံရင်း ကျောင်းသူကျောင်းသားစာရင်းတွင် နာမည်ထည့်သွင်းခဲ့သည်။ စာသင်ကျောင်းအသစ် သို့လည်း ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ လက်ရှိတွင် မျက်မမြင် စာသင်ခန်းမှာ ကျောင်းသူကျောင်းသား ဦးရေ ၁၀၀ ကျော်ကို မွေးထုတ်ပေးခဲ့ပြီး ၎င်းတို့အနက် ၂၀ ဦးသည် အဆင့်မြင့်ပညာ ဆက်လက် သင်ယူခွင့် ရရှိခဲ့ကြသည်။
(သတင်းရင်းမြစ်- ဆင်ဟွာနေ့စဥ်သတင်း Wechat အကောင့်၊ ဘာသာပြန်- Yunnan gateway)