၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသည် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ကူမင်းမြို့တွင် ကျင်းပမည်
၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်း သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ အွန်လိုင်းနှင့်အော့ဖ်လိုင်း ပုံစံနှစ်မျိုးပူးတွဲခြင်းဖြင့် ကူမင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။
ယခုအကြိမ်ကုန်စည်ပြပွဲ၏ အဓိကဆောင်ပုဒ်သည် “အခွင့်အလမ်းသစ်ကို အတူတကွမျှဝေ၊ ဖွံ့ဖြိုးတိုးတက်ရေးသစ်ကို အတူတကွ ဆွေးနွေးဖန်တီး” ဖြစ်သည်။ ယခုအကြိမ်ကုန်စည်ပြပွဲ၏ အဓိကဆောင်ပုဒ်ဖြင့် ပြသခြင်းနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီး လာအိုနိုင်ငံသည်လည်း ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်တက်ရောက်မည်။
ယခုအကြိမ်ကုန်စည်ပြပွဲတွင် အစိမ်းရောင်စွမ်းအင်၊ ကုန်းပြင်မြင့်ခေတ်သစ်လယ်ယာ စိုက်ပျိုးရေး၊ တံခါးဖွင့်လှစ်ခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခရီးသွားယဥ်ကျေးမှုပြခန်း အပါအဝင်ပြခန်း ၁၃ ခု စီစဥ်ပြသမည်ဖြစ်သည်။ တရုတ်-အိန္ဒိယသမုဒ္ဒရာဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ RCEP နိုင်ငံတကာစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု ဖိုရမ် စသည့်အစီအစဥ်လှုပ်ရှားမှုများကိုလည်း ကျင်းပမည်ဖြစ်သည်။
လွန်ခဲ့သော ၁၀ နှစ်မှစတင်ကာ တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ၅ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပြီး နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈၉ ခုသည် ရှေ့ဆင့်နောင့်ဆင့် ပါဝင်တက်ရောက်ခဲ့ကာ ပြည်တွင်းပြည်ပမှ စီမံကိန်း ၂၇၇၀ ခုကို လက်မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်နှင့် အရှေ့တောင်အာရှ တောင်အာရှ အပါအဝင် နိုင်ငံတကာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ လူမှုယဥ်ကျေးမှုဖလှယ်ရေးနှင့် နိုင်ငံခြားဆက်ဆံရေးအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။
(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway)