ယူနန်တောင်တန်းကြီးများတွင် စိုက်ပျိုးသည့် ထောပတ်သီး
ယခုနှစ်ပိုင်း ထောပတ်သီးသည် တရုတ်နိုင်ငံပြည်တွင်းသစ်သီးစျေးကွက်၌ အရှိန်အဟုန်ဖြင့် ရေပန်းစားကာ တိုးတက်ကောင်းမွန်လျက်ရှိသည်။ ၂၀၁၀ ပြည့်နှစ် တရုတ်နိုင်ငံ၏ ထောပတ်သီးသွင်းကုန်ပမာဏသည် (၁.၉) တန်သာရှိပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်၏ သွင်းကုန်ပမာဏသည် တန်(၃)သောင်းခန့် ရှိကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရပါသည်။ (၁၀)နှစ်တာကာလအတွင်း တရုတ်လူမျိုးများသည် ထောပတ်သီးလိုအပ်မှု အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့ပါသည်။
ဖူအော်လျူရင် ဇီဝဗေဒကုမ္ပဏီလီမိတက်၏ အထွေထွေမန်နေဂျာ မစ္စတာချီကျားကျူသည် (၁၀)နှစ်ကျော်ကြာ ထောပသီးစမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ မုန့်လျင်ခရိုင်၏ ထူးခြားသောသဘာဝအခြေအနေသည် ထောပတ်သီး၏ ဇီဝဂုဏ်သတ္တိများနှင့် ကိုက်ညီသည်။ ၎င်းသည် စမ်းသပ်စိုက်ပျိုးရေးအောင်မြင်ရသည့် အဓိကအချက်ဖြစ်ကြောင်း သူက ပြောသည်။ ယခုနှစ် စက်တင်ဘာလအထိ မုန့်လျင်ခရိုင်၏ ထောပတ်သီးစိုက်ပျိုးရေးဧရိယာသည် ၁၁၅၉၇.၅)ဧကခန့်ရှိပြီဖြစ်သည်။ လတ်ဆတ်သောထောပသီး အသီးထွက်နှုန်းပမာဏသည် တန်(၁)သောင်းကျော် နိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။
(သတင်းရင်းမြစ်-ယူနန်သတင်းထုတ်ပြန်ရေး၊ ဘာသာပြန်၊ Yunnan gateway)