ယူနန်တွင် အပြည်ပြည်ဆိုင်ရာသိပ္ပံနှင့်နည်းပညာအထူးကော်မရှင်စေလွှတ်ခြင်းစနစ်ကို စူးစမ်းလေ့လာလျက်ရှိ
ယူနန်ကူမင်းမှ ရွေးချယ်စိုက်ပျိုးမွေးမြူသော Phalaenopsis သစ်ခွပန်း၊ လီလီပန်းတို့သည် ဗီယက်နမ် စျေးကွက်၌ အထူးရေပန်းစားနေသည့် အမျိုးအစားဖြစ်သည်။ တရုတ်-လာအို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပူးတွဲစမ်းသပ်ဓာတ်ခွဲခန်းသည် လာအိုရှိ စာသင်ကျောင်းများ၊ ဆေးရုံများအတွက် ဆိုလာစွမ်းအင်ရေပူများကို ပံ့ပိုးပေးနေသည်။ ၎င်းပြောင်းလဲမှုအသစ် များ၏ နောက်ကွယ်တွင် ယူနန်ပြည်နယ်သည် ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ အထူးကော်မရှင်စနစ်၏ အကျိုးသက်ရောက်မှုများ ဖြစ်ပေသည်။
ယူနန်ပြည်နယ်သည် ဒေသတည်နေရာနှင့် လုပ်ငန်းအားသာချက်များကို ခိုင်မာအောင် လုပ် ဆောင်ပြီး အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အတွင်း၌ လိုအပ်သော သိပ္ပံနှင့်နည်းပညာများကို ဝိုင်းရံကာ သိပ္ပံနှင့်နည်း ပညာ ဝန်ထမ်းများ သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းဌာနများကို ရွေးချယ်ပြီး အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေကြောင်း ယူနန်ပြည်နယ် သိပ္ပံနှင့် နည်း ပညာဦးစီးဌာန သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုဌာန ဌာနမှူး ဟော့်ဝေးက မိတ်ဆက် ခဲ့ပါသည်။ လက်ရှိတွင် ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာဦးစီးဌာနသည် အသုတ်(၅)ခုခွဲပြီး အပြည်ပြည်ဆိုင်ရာသိပ္ပံနှင့်နည်းပညာ ကော်မရှင်အဖွဲ့ဝင် စုစုပေါင်း (၉၂)ဦးကို လာအို၊ ဗီယက်နမ်၊ ထိုင်း၊ သီရိလင်္ကာ စသည့် နိုင်ငံပေါင်း(၁၆)ခုသို့ စေလွှတ်ပြီး သက်ဆိုင်ရာ နယ်ပယ်များ၏ သိပ္ပံနှင့်နည်းပညာ ဝန်ဆောင်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်နေပြီဖြစ်ပါသည်။
ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံနည်းပညာအကယ်ဒမီ အပူပိုင်း၊ အပူလတ်ပိုင်း စီးပွားဖြစ် သီးနှံသုတေသနစခန်း တွဲဖက်သုတေသနပညာရှင် Hu Guangfaသည် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ယခု လာအိုတွင် ကော်ဖီနည်း ပညာညွှန်ကြားမှု၊ သင်ကြားမှုလုပ်ငန်းများ လုပ်ဆောင်ပေးနေသည်။ ကော်ဖီစိုက်ပျိုး ရေးအဆင့်ကို မြှင့်တင်နိုင်ရန် Hu Guangfaသည် ပျိုးပင်စိုက်ချိန်မှအစ ဒေသတွင်းနည်း ပညာရှင်များထံ ကော်ဖီစိုက်ပျိုးရေးနည်းပညာကို သင်ကြားပေးခဲ့သည်။ လက်ရှိဒေသတွင် ကော်ဖီစိုက်ပျိုးသည့် ခရိုင်(၆)ခုလုံး၌ အကြီးစား စိုက်ပျိုးရေးအားသာချက် ဖြစ်ပေါ်လာနေပါ သည်။
(သတင်းရင်းမြစ်- ပြည်သူ့နေ့စဉ်သတင်းစာ၊ အဖုံးပုံ--သိပ္ပံနည်းပညာရောင်စုံယူနန်၊ ဘာသာပြန်၊ Yunnan gateway)