ယူနန်ထက်မြက်ထူးချွန်သူပေါ်လစီကြောင့် Walvax တွင် ဝန်ထမ်းများ “ရေရှည်လုပ်ဆောင်”နိုင်

2022-11-04 11:24:13
အရင်းအမြစ်:都市新闻

ယူနန် Walvax ဇီဝနည်းပညာအစုရှယ်ယာကုမ္ပဏီလီမိတက် (“Walvax”ဟု အတိုချုံးခေါ်ဝေါ်မည်)သည် လူသုံး ကာကွယ်ဆေး အစရှိသည့် ဇီဝနည်းပညာဆေးဝါးများကို သုတေသနပြုခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းတို့ကို စုစည်းလုပ်ကိုင်သည့် အဆင့်မြင့်နည်းပညာ ဇီဝဆေးဝါးထုတ်လုပ်မှုလုပ်ငန်း ဖြစ်သည်။ ယခုအချိန်အထိ Walvax ကာကွယ်ဆေးသုတေသန ပြည်နယ်အဆင့်ဆန်းသစ်အဖွဲ့သည် ပေါင်းစပ်ကာကွယ်‌ဆေး(၃)မျိုး (ထုတ်ကုန်သတ်မှတ်ချက်(၅)ခု)၏ သုတေသနပြုခြင်းနှင့် စျေးကွက်အတွင်း တင်ပို့ရောင်းချခြင်းများကို ပြီး‌မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့မှာ 13-valent pneumococcal polysaccharide conjugate vaccine ကာကွယ်ဆေး၊ Group A and Group C meningococcal polysaccharide conjugate vaccine ကာကွယ်ဆေး၊ Haemophilus influenzae type b conjugate vaccine ကာကွယ်ဆေး များ ပါဝင်သည်။

“Walvax သည် စီမံကိန်းတည်ဆောက်ရေး၊ သုတေသနဆန်းသစ်ရေး၊ ထက်မြက်ထူးချွန်သူ နေရာချ ထားရေး စသည့်အပိုင်းကဏ္ဍများတွင် အစိုးရဌာနများ၏ ပံ့ပိုးကူညီမှုကို ရရှိခဲ့သည်။ Walvax လည်း ကာကွယ်ဆေးပညာရှင်များ၏ အစဉ်အလာကောင်းနှင့် အမိနိုင်ငံအပေါ်ခံစားချက်များကို ဆက်ခံသွားမည် ဖြစ်ပြီး သုတေသနအဆင့်ကို အဆက်မပြတ်မြှင့်တင်ပြီး ပိုမိုကောင်းမွန်သောကုန်ပစ္စည်းများဖြင့် ပြည်သူလူထုကို အကျိုးပြုသည့် လုပ်ငန်းဆောင်တာများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်”ဟု Walvax ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာ ဟွမ်ကျိန်က ပြောသည်။

ဟွမ်ကျိန်သည် ပြန်လည်မိတ်ဆက်တင်သွင်းလာသော ထက်မြက်ထူးချွန်သူတစ်ဦးဖြစ်ပါသည်။ ယူနန်သို့ လုပ်ငန်းစတင်လုပ်ဆောင်ရန် ရောက်ရှိစဉ်က အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရပါသည်။ ထိုအချိန်က သိပ္ပံနှင့်နည်းပညာစီမံကိန်း ရန်ပုံငွေအထောက်အပံ့ကြောင့် ၎င်းဦးဆောင်သည့် ကုန်ပစ္စည်းများသည် စျေးကွက်ပေါ်သို့ အဆင်ပြေစွာ ရောက်ရှိနိုင်ခဲ့ခြင်းကြောင့် Walvax သည် ယခုကဲ့သို့သော ဖွံ့ဖြိုး တိုးတက်မှု အချိုးအစားသို့ ရောက်ရှိလာနိုင်ခဲ့ပါသည်။ ယခုနှစ်ပိုင်း ယွီရှီးမြို့သည် ယူနန်ပြည်နယ်မှ ပထမဆုံး အဆင့်မြင့် ထက်မြက်ထူးချွန်သူကိုယ်တိုင် ဆန်းစစ်အကဲဖြတ်ခြင်းကို လုပ်ဆောင်ခဲ့သည်။ “ကွင်းဆက်” လုပ်ငန်းရှင်(၁၁)ခုကိုရွေးချယ်ပြီး အဆင့်မြင့်ထက်မြက်ထူးချွန်သူ ကိုယ်တိုင်ဆန်းစစ် အကဲဖြတ်ခြင်း စမ်းသပ်ဗွိုင့်အဖြစ် လုပ်ဆောင်ခဲ့သည်။ လုပ်ငန်းများမှ ကိုယ်တိုင်ဆန်းစစ်အကဲဖြတ်သည့် အဆင့်မြင့် ထက်မြက်ထူးချွန်သူသည် မြို့နယ်အဆင့်ထက်မြက်ထူးချွန်သူ ပြန်လည်မိတ်ဆက် တင်သွင်း ခြင်း၊ မွေးထုတ်ခြင်းပေါ်လစီများကို အတူခံစားနိုင်သည်။ ၎င်းအတွင်း Walvax သည် ပထမ ဆုံးအသုတ် စမ်းသပ်ဗွိုင့်လုပ်ငန်းဖြစ်ပါသည်။


(သတင်းရင်းမြစ်၊ မြို့တော်သတင်း၊ ပုံ၊ ယူနန်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ဘာသာပြန်၊ Yunnan gateway)
 

ယူနန်ထက်မြက်ထူးချွန်သူပေါ်လစီကြောင့် Walvax တွင် ဝန်ထမ်းများ “ရေရှည်လုပ်ဆောင်”နိုင်