(၂၀)ကြိမ်မြောက် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ပြပွဲကို ချုံချင့်တွင်ကျင်းပခဲ့ရာ နှစ်ဘီးတပ်လျှပ်စစ်ဘီးအထူးဂရုစိုက်ခံရ

2022-11-07 13:42:37
အရင်းအမြစ်:新华网

နိုဝင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ၊ (၂၀)ကြိမ်မြောက် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ပြပွဲ ( “တရုတ်နိုင်ငံမော်တော်ဆိုင်ကယ်ပြပွဲ”ဟု တိုချုံခေါ်ဝေါ်မည်) ကို ချုံချင့်တွင် ဖွင့်ပွဲကျင်းပပြီး နိုဝင်ဘာလ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

ယခုအကြိမ်မော်တော်ဆိုင်ကယ်ပြပွဲတွင် တရုတ်၊ အမေရိကန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အင်္ဂလန်၊ စပိန်၊ တောင်ကိုရီးယားစသည့် နိုင်ငံနှင့်ဒေသပေါင်း(၁၀)ခုကျော်မှ မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်ကားလုပ်ငန်းများ၏ ခေတ်မီနည်းပညာနှင့်ပြည့်စုံသော ယာဉ်ထုတ်လုပ်ရေး၊ အစိတ်အပိုင်း၊ အဝတ်အစားယဉ်ကျေးမှု လူသုံးကုန်လုပ်ငန်းပေါင်း(၇၀၀)ကျော် ပါဝင်ပြသခဲ့ကြသည်။ ၎င်းတို့အနက် ကမ္ဘာပေါ်ရှိ ယာဉ်ထုတ်လုပ်ရေးအမှတ်တံဆိပ် (၅၀)ကျော်သည် ကားအမျိုးအစားပုံစံပေါင်း (၈၀၀)ကျော်ကို ပြသခဲ့ပါသည်။


(သတင်းရင်းမြစ်--ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)
 

(၂၀)ကြိမ်မြောက် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ပြပွဲကို ချုံချင့်တွင်ကျင်းပခဲ့ရာ နှစ်ဘီးတပ်လျှပ်စစ်ဘီးအထူးဂရုစိုက်ခံရ