ပင်လယ်ထဲမှာ သန္တာကျောက်တန်းစိုက်ပျိုး၊ ကုန်းမြင့်ပေါ်မှာ တိရစ္ဆာန်များကို ဓာတ်ပုံရိုက် ---ဤသိပ္ပံပညာရှင်သည် အစွမ်းထက်လှသည်

2022-11-08 18:27:37
အရင်းအမြစ်:

သူသည် တရုတ်နိုင်ငံသိပ္ပံနည်းပညာအကယ်ဒမီ ကူမင်းသုတေသနစခန်းတွင် အလုပ်လုပ်ကိုင်သော အသက်(၃၆)နှစ်ရှိ ရော်ဂျာ ဖြစ်ပါသည်။ သူသည် လူရွှင်တော်ငါးနှင့် သန္တာကျောက်တန်းများကို သုတေသနပြုသည့် ကျွမ်းကျင်ပညာရှင်ဖြစ်သည်။

ရော်ဂျာသည် ပစိဖိတ်သမုဒ္ဒရာထဲတွင် သန္တာကျောက်တန်းစိုက်ပျိုးပြီး Hoh xil တွင် တိရစ္ဆာန်များကို ဓာတ်ပုံရိုက်ခဲ့ပါသည်။ ပင်လယ်ရေမျက်နှာပြင်အောက်မှ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ (၅၀၀၀)ကျော်အထိ သူ၏သုတေသနခြေလှမ်းများကို တွေ့မြင်နိုင်ပေသည်။

ရော်ဂျာ၏ဓာတ်ခွဲစမ်းသပ်ခန်းသည် ပင်လယ်ငါးပြတိုက်သဖွယ်လူရွှင်တော်ငါးအမျိုးအစားပေါင်း (၁၇) မျိုးကျော်နှင့် သန္တာမျိုးနွယ်ပေါင်း(၁၆၀)ကျော်ကို မွေးမြူထားသည်။ “သန္တာကျောက်တန်းသည် ပင်လယ်ကြီးထဲက အပူပိုင်းမိုးသစ်တောလိုဘဲ ဇီဝမျိုးနွယ်အများပြားဆုံးသောနေရာဖြစ်သည်။ လူရွှင် တော်ငါးဟာ သန္တာကျောက်တန်းများပေါ်တွင် အမြဲမှီခိုနေထိုင်လေ့ရှိသည်” ဟု ရော်ဂျာက ပြောသည်။

ရော်ဂျာ၏ဓာတ်ခွဲခန်းထဲရှိ လူရွှင်တော်ငါးနှင့် သန္တာကျောက်တန်းကို ဓာတ်ခွဲခန်းအတွင်း၌ မတူသော ပင်လယ်ပတ်ဝန်းကျင်များ၏ သရုပ်သကန်အမှန် ဖန်တီးလုပ်ဆောင်ခြင်းဖြင့် ပညာရှင်များမှ သန္တာ ကျောက်တန်း၏ သဘောသဘာဝများကို လေ့လာနိုင်ခဲ့ပါသည်။ ဤသို့ဖြင့် သန္တာကျောက်တန်းကို လူသားမှမွေးထုတ်ပေးခဲ့ရာ ကိုက်ညီအောင်ပြုပြင်ထားသည့် ပင်လယ်ပြင်ထဲ၌ တိကျမှန်ကန်စွာ “စိုက်ပျိုး”နိုင်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ အပြန်အလှန်စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ရော်ဂျာနှင့် သူ၏ အဖွဲ့သည် ပစိဖိတ်သမုဒ္ဒရာထဲတွင် သန္တာကျောက်တန်းထောင်ချီကို “စိုက်ပျိုး”အောင်မြင်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုရက်ပိုင်း ရော်ဂျာနှင့်လုပ်ဖော်ကိုင်ဖက်တို့သည် ချင်ဟိုင်-ရှီးဇန့်ကုန်းမြင့်၌ မှတ်တမ်းရုပ်ရှင်တစ်ခုကို ရိုက်ကူးခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံတွင် ရှားပါးသော ရှေ့တန်းသိပ္ပံပညာရှင်များမှ သီးသန့်ရိုက်ကူး သည့် ရုပ်ရှင်တစ်ခုဖြစ်ပါသည်။ ရုပ်ရှင်ထဲတွင် Hoh xil ကုန်းတွင်းပိုင်း၏ တမူထူးခြား ဆန်းကျယ်လှ သော သဘာဝပတ်ဝန်းကျင်ကို ပြသပြီး အများမသိသေးသော ဇီဝမျိုးနွယ်မျိုးစု၏ အကြောင်း အရာများကို ဖော်ပြထားပါသည်။


(သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)
 

ပင်လယ်ထဲမှာ သန္တာကျောက်တန်းစိုက်ပျိုး၊ ကုန်းမြင့်ပေါ်မှာ တိရစ္ဆာန်များကို ဓာတ်ပုံရိုက် ---ဤသိပ္ပံပညာရှင်သည် အစွမ်းထက်လှသည်