၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၏ တစ်နှစ်အတွင်း ရည်မှန်းထားသော အရောင်းအဝယ်ဖြစ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၃.၅၂ ဘီလီယံရှိ
2022-11-11 16:10:50
အရင်းအမြစ်:新华网
၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ၁၄၅ ခု ပါဝင်ခဲ့ကြပါသည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၂၇ခုမှ လုပ်ငန်းပေါင်း ၂၈၀၀ ကျော်တို့သည် ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်း ပြသခဲ့ကြပါသည်။ ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲ၏ တစ်နှစ်အတွင်း ရည်မှန်းထားသော အရောင်းအဝယ်ဖြစ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၃.၅၂ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ်ကကျင်းပခဲ့သော ပြပွဲထက် ၃.၉ ရာခိုင်နှုန်း တိုးများလာပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)