ယူနန်ပြည်နယ်စီးပွားကုန်သွယ်ရေးအဖွဲ့သည် ၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသခဲ့

2022-11-11 16:12:02
အရင်းအမြစ်:新华网

နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသည့် ၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ပြီး ယူနန်ပြည်နယ်စီးပွားကုန်သွယ်ရေးအဖွဲ့သည် ဌာနပေါင်း ၂၄၉၃ ခုကို ဖွဲ့စည်းပြီး ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါကုန်စည်ပြပွဲကာလအတွင်း ယူနန်ပြည်နယ်သည် ရှန်ဟိုင်းမြို့၌ တရုတ်-လာအို မီးရထားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဆက်ပွဲနှင့် ဒုတိယမြောက် တရုတ်(မော်ဟန်း)-လာအို(မော်တင်း) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ခြင်း ဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။


ယခုအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် တိုင်လူမျိုးစက္ကူညှပ်လက်ရာ၊ ယီလျမ်ဝါးရက်လုပ်ခြင်းလက်ရာ၊ အရိပ်ပြရုပ်သေးနည်းပညာ၊ ချင်းဟွားကြွေထည်ပြုလုပ်နည်း အပါအဝင် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ပညာများလည်း ပါဝင်ပြသခဲ့ပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန၊ ဘာသာပြန်- Yunnan gateway)

 

ယူနန်ပြည်နယ်စီးပွားကုန်သွယ်ရေးအဖွဲ့သည် ၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသခဲ့