ကျေးရွာအီလက်ထရောနစ်စီးပွားရေးမှ “မွေးရပ်မြေအရသာ”ကို သယ်ဆောင်လာ
နိုဝင်ဘာလ(၈)ရက်နေ့တွင် အမ်းဟွေးပြည်နယ် ဟွက်နန်မြို့ စို့ခရိုင် ရန်ခေါမြို့နယ် အီလက်ထရောနစ်စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူ ထောက်ကျင့်သည် မွေးရပ်မြေမှ ထိန်းသိမ်းသည့်အရသာကို ရိုက်ကူးခဲ့ရာ အီလက်ထရောနစ်စီးပွားရေးလမ်းကြောင်းဖြင့် ထူးခြားသည့် စိုက်ပျိုးကုန်ပစ္စည်းများကို တစ်နိုင်ငံလုံးအနှံ့အပြားသို့ ရောင်းချရန် စီစဉ် လျက်ရှိသည်။
၂၀၀၉ ခုနှစ်တွင် ထောက်ကျင့်သည် သူ၏ချစ်သူနှင့်အတူ Taobao အွန်လိုင်းဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ရာ မွေးရပ်မြေစို့ခရိုင်၏ ပထမဆုံးအသုတ်ဖြစ်သည့် ကျေးရွာအီလက်ထရောနစ် စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။ ကျေးရွာထူးခြားစိုက်ပျိုးကုန်ပစ္စည်းများကို ရောင်းချ ခဲ့ပါသည်။
ကျေးရွာမှအစောဆုံးသော အီလက်ထရောနစ်စီးပွားရေးစတင်ချိန်တွင် ကျေးရွာအမြန်ချောပို့ ဝန်ဆောင်မှုကွန်ရက်သည် အပြည့်အဝလွှမ်းခြုံခြင်းမရှိသေးသောကြောင့် ကုန်ပို့ရာတွင် ကုန်ပစ္စည်းများကို စို့ခရိုင်မြို့သို့ဦးစွာတင်ပို့ပြီးမှ ဒေသအသီးသီးသို့ ကုန်ပို့ဆောင်နိုင်ပါသည်။ ယခုဆိုလျှင် (၁၀)နှစ်ကျော်ရှိသည့် ကျေးရွာအီလက်ထရောနစ်စီးပွားရေး၏ အရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်လာခြင်းနှင့်အတူ အမြန်ချောပို့ကားသည် အိမ်ပေါက်ဝဆီသို့ ရောက်ရှိလာပြီ ဖြစ်သည်။ အီလက်ထရောနစ်စီးပွားရေးသည် ကျေးရွာလူနေမှုကို ပြောင်းလဲပေးခဲ့သည်။
(သတင်းရင်းမြစ် - ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)