ယူနန်သည် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲအတွက် တက်ကြွစွာစီစဉ်လျက်ရှိ

2022-11-17 15:53:18
အရင်းအမြစ်:云南日报、云南网

၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲသည် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကူမင်းမြို့တွင် အွန်လိုင်းနှင့်အော့ဖ်လိုင်း ပုံစံနှစ်မျိုးပူးတွဲခြင်းဖြင့် ကျင်းပမည်ဖြစ်သည်။ မြို့ပြလှပခြင်းဆိုင်ရာ စည်ပင်သာယာရေးဌာန သည်လည်း ကူမင်းမြို့ကို အလှဆင်ပေးခြင်းဖြင့် ၎င်းကုန်စည်ပြပွဲကို ကြိုဆိုနေကြပါသည်။

ယခုနှစ်သည် တရုတ်-တောင်အာရှကုန်စည်ပြပွဲ ကျင်းပရန် အတည်ပြုပြီးနောက် ၁၀ နှစ်မြောက် ဖြစ်သည်။ ပြီးခဲ့သည့် ကုန်စည်ပြပွဲ ၅ ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈၉ ခုမှ အဖွဲ့အစည်းများစွာ ပါဝင်တက်ရောက်ခဲ့ကာ ပြည်တွင်းပြည်ပစီမံကိန်း ၂၇၇၀ ခု သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။


(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ယူနန်သတင်းကွန်ရက်၊ ပုံ၊ Gu Bin၊ ဘာသာပြန်- Yunnan gateway)
 

ယူနန်သည် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲအတွက် တက်ကြွစွာစီစဉ်လျက်ရှိ