၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မည်ကဲ့သို့သော ထူးခြားချက်လက္ခဏာရှိသနည်း

2022-11-18 17:42:11
အရင်းအမြစ်:

၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲသည် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကူမင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ်ကုန်စည်ပြပွဲတွင် ပြခန်းကြီး ၁၃ ခုစီစဥ်ထားပြီး ၎င်းအနက် ၈ ခုသည် သီးခြားပညာရပ်ဆိုင်ရာပြခန်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုသည် အဓိကခေါင်းစဥ်ဖြင့် ပြသသောနိုင်ငံနှင့် ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် အသီးသီးပါဝင်မည်ဖြစ်သည်။ တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာမှ ကုမ္ပဏီလုပ်ငန်းပေါင်း ၆၄ ခု ပါဝင်တက်ရောက်ပြီး ၎င်းတို့အနက် ၄၃ ခုသည် ပါဝင်ခင်းကျင်းပြသမည် ဖြစ်သည်။

ထို့ပြင် ၎င်းကုန်စည်ပြပွဲကာလတွင် “တရုတ်-အိန္ဒိယသမုဒ္ဒရာဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပူးတွဲကြေညာချက်”၊ “၂၀၂၂ ခုနှစ် မဲခေါင်မြစ်ဝှမ်းဒေသစီးပွားရေးစင်္ကြံ ပြည်နယ်အုပ်ချုပ်ရေးမှူးဖိုရမ် ကူမင်းသဘောတူညီမှုမှတ်တမ်း” နှင့် “RCEP ဆိုင်ရာစည်းကမ်းများ အသုံးပြုရန်ညွှန်ကြားခြင်း” စသည်တို့ကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး နိုင်ငံအသီးသီး၊ ဒေသအသီးသီးတို့အကြား ပိုမိုကျယ်ပြန့်သော ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသွားမည်ဖြစ်သည်။
(သတင်းရင်းမြစ်- ယူနန်သတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)

 

၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မည်ကဲ့သို့သော ထူးခြားချက်လက္ခဏာရှိသနည်း