ဤကျေးရွာသည် ကညွတ်စိုက်ပျိုးရေးဖြင့် ချမ်းသာကြွယ်ဝလာ

2022-11-18 17:43:51
အရင်းအမြစ်:芒市融媒体中心

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီ ဖုန်ဖိန်မြို့နယ် လုံးမိန်ကျေးရွာရှိ စိုက်ပျိုးရေးအခြေစိုက်စခန်းကို ဝင်ရောက်ရင်း စိမ်းလန်းစိုပြည်သော ကညွတ်ပင်များမှ ရွက်နုလေးများ ပေါ်ထွက်လာပါသည်။ ယခုအချိန်သည် ကညွှတ်ကောက်ရာသီဖြစ်ပြီး ယွီစန်းထန်တဲ့သည် ရွာသူရွာသား ၁၀ ဦးကျော်နှင့် ဖန်လုံအိမ်တစ်ခုစီတွင် ကျွမ်းကျင်စွာ ကောက်ယူရန် ရောက်ရှိလာကြပါသည်။ ကညွှတ် တစ်တောင်းပြီးတစ်တောင်းကို ဖန်လုံအိမ်မှတစ်ဆင့် ကုန်တင်ကားဆီသို့ ပို့ဆောင်ခဲ့ကြပါသည်။

၂၀၁၃ ခုနှစ်တွင် မန်စီမြို့၏ အဓိကဟင်းသီးဟင်းရွက် စိုက်ပျိုးသူတစ်ဦးအနေဖြင့် ယွီစန်းထန်တဲ့သည် မန်စီမြို့ စိုက်ပျိုးရေးတိုးချဲ့စင်တာမှ စီစဉ်ပြီး ပြင်ပသို့ ပညာသင်ကြားခွင့် ရရှိခဲ့သည်။ “ဒီလေ့လာရေးခရီးစဥ်မှာ ဒေသခံရွာသားတွေဟာ ကညွှတ်စိုက်ပျိုးရေးကို အမှီပြုကာ ဆင်းရဲနွမ်းပါးမှုပပျောက်ပြီး ချမ်းသာလာကြသည်ကို ကျွန်တော်နဲ့ ရပ်ရွာက ရှန်အလ်ဟန့်ဝက တွေ့မြင်ခဲ့ပါတယ်။ သူတို့ရဲ့ နေထိုင်မှုဘဝ ပြောင်းလဲမှုအပေါ် ကျွန်တော်တို့စိတ်ထဲမှာ စွဲထင်သွားစေခဲ့ပါတယ်။”သို့ဖြစ်၍ ယွီစန်းထန်တဲ့သည် ကညွတ်စိုက်ပျိုးရေးလုပ်ငန်းကို လုံးမိန်ကျေးရွာသို့ တင်ပြရန် အကြံပြုခဲ့ပါသည်။

"စတင် ဖြန့်ဖြူးတဲ့အခါမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမယ့် မြင်နေရတာကို ယုံချင်မှ ယုံမှာပါ၊ ဒါကြောင့် လူတိုင်းကို အရင်ကြိုးစားပြီး လုပ်ပြပေးပါ့မယ်" ဟု ယွီစန်းထန်တဲ့က ပြုံးရွှင်စွာ ပြောဆိုပါသည်။

၂၀၁၆ ခုနှစ်မှစ၍ အဆိုပါကျေးရွာမှ လယ်ယာအိမ်ထောင်စုများသည် ကညွတ်ကို အသီးသီး စိုက်ပျိုးလာကြပါသည်။ ယွီစန်းထန်တဲ့၊ ရှန်အလ်ဟန့်ဝနှင့် အခြားသော ဆွေမျိုးသူငယ်ချင်းများသည် ပျိုးပင် ပြုစုပျိုးထောင်သည့် နည်းပညာကို အခမဲ့သင်ကြားပို့ချပြီး သက်ဆိုင်ရာဌာနများကို ရပ်ရွာသို့ လမ်းညွှန်ရန်နှင့် သင်တန်းပေးရန် ကြိမ်ဖန်များစွာ ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် လုံးမိန်ကျေးရွာရှိ ကညွတ်စိုက်ဧရိယာသည် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့လာပါသည်။ “၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကျွန်တော်တို့ရွာမှာ ကညွှတ်စိုက်ဧရိယာဟာ တရုတ်မူ ၁၂၀ (တစ်တရုတ်မူက ၆၆၆.၆၇ စတုရန်းမီတာ ရှိပါသည်) ရှိပါတယ်။ ရွာသူရွာသားတွေဟာ ကညွှတ်စိုက်ပျိုးရေးလုပ်ငန်းဖြင့် တိုက်တာအိမ်ရာတွေ ဆောက်လုပ်လာကြပါတယ်၊ မော်တော်ကားတွေလည်း ဝယ်စီးကြပါတယ်။” လုံးမိန်ကျေးရွာ၏ ကညွှတ်စိုက်ပျိုးရေးလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပါသည်။ ကညွှတ်ပင်များသည် ဆေးဖက်ဝင်ကြောင်း သိရှိပြီးနောက် ယွီစန်းထန်တဲ့သည် အခြောက်ခံစက်ကို ဝယ်ယူခဲ့ပြီး စမ်းသပ်မှုအသစ် ဖော်ဆောင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

(ဆောင်းပါးအရင်းအမြစ် - မန်စီမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)


 

ဤကျေးရွာသည် ကညွတ်စိုက်ပျိုးရေးဖြင့် ချမ်းသာကြွယ်ဝလာ