၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် တယ်ဟုန်အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်ပေါင်း ၂၀၀ ကျော် ခင်းကျင်းပြသ
ကျဲ့ဖုန် ဂုဏ်ပြုဆန်၊ အခွံမာသီး၊ လက်ဖက်ခြောက်၊ မျှစ်ခြောက်၊ အမဲသားခြောက် စသဖြင့်… နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသည့် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ(အောက်တွင် “၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ”ဟု အတိုကောက်ခေါ်ပါသည်)တွင် တယ်ဟုန်ပြည်နယ်ခွဲမှ လုပ်ငန်းအဖွဲ့ ၁၉ ခုတို့သည် စိုက်ပျိုးရေးထွက်ကုန် အမျိုးအစားပေါင်း ၂၀၀ ကျော်အား ခင်းကျင်းပြသကြောင်း သိရပါသည်။
"ကျွန်တော် တယ်ဟုန်ကို အကြိမ်များစွာ ရောက်ခဲ့ဖူးပါတယ်။ အဲ့ဒီက ထွက်ရှိတဲ့ ထုတ်ကုန်တွေနဲ့ အကုန်လုံးနီးပါး ရင်းနှီးပါတယ်။ ဒီကနေ့ ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို တကူးတက လာရောက်လည်ပတ်တာပါ။ တယ်ဟုန်ရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေက ဈေးသက်သာပြီး အရသာလည်း ရှိပါတယ်။ လမ်းတစ်လျှောက်ကြည့်ရင်းနဲ့ ပစ္စည်း အတော်များများလည်း ဝယ်ခဲ့ပါပြီ။ အရမ်းအဆင်ပြေတယ်"ဟု အဝယ်တော် လီအိုက်မင်းက ပြောဆိုပါသည်။
"ကျွန်တော်တို့ကုမ္ပဏီက ထုတ်လုပ်တဲ့ အသင့်စားမြီးရှည်ခြောက်ကို ကိုယ်ရဲ့ ဆန်စပါးအခြေစိုက်စခန်းမှာ စိုက်ပျိုးတဲ့ ဆန်ဖြင့် ပြုလုပ်ထားတာပါ။ စားရတာ အရမ်းအဆင်ပြေပါတယ်။ အခမဲ့ မြည်းစမ်းကြည့်နိုင်ပါတယ်။ ယုံကြည်စိတ်ချစွာ ဝယ်ယူလိုက်ပါဗျာ"ဟု ယူနန်ဖိန်ရှိန်စားသောက်ကုန်လီမိတက်ကုမ္ပဏီမှ တာဝန်ရှိသူ တုန်းရှီဟွာက မိမိ၏ ကုန်ပစ္စည်းများအား ကြိုးစားပမ်းစား ဖြန့်ဖြူးရောင်းချလျက်ရှိနေပါသည်။ ဒေသခံမြို့သား လျူထောင်သည် အဆိုပါပြပွဲကို ရောက်ရှိသည်နှင့် အသင့်စားအမဲသားမြီးရှည်ခြောက်အထုပ်ကြီးတစ်ထုပ်ကို ဝယ်လိုက်ပါသည်။ "ဒီအသင့်စားမြီးရှည်ခြောက်က အရမ်းကောင်းပါတယ်။ ကျွန်တော်တို့မိသားစုအားလုံးက အဲဒါကို ကြိုက်ကြတယ်" ဟု ၎င်းက ပြောသည်။
အသင့်စားမြီးရှည်ခြောက်အပြင် ယူနန်တီရှီလုပ်ငန်းအဖွဲ့အခွံမာသီးကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော အခွံမာသီးများသည် အဝယ်တော်များစွာအား ဆွဲဆောင်ခဲ့ပါသည်။ “တယ်ဟုန်ထွက်တဲ့ အခွံမာသီးတွေရဲ့ အရသာဟာ ထူးခြားပါတယ်။ သားသမီးတွေအတွက် ကျွန်မ ဝယ်ပေးဦးမယ်”ဟု ဒေသခံမြို့သူမမေးက ပြောပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)