တယ်ဟုန်တွင် ပိုမိုများပြားသော ပြည်တွင်းပြည်ပ လုပ်ငန်းအဖွဲ့များ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်နေ

2022-11-22 16:18:34
အရင်းအမြစ်:德宏州委宣传部

"The Belt and Road" အတူတကွတည်ဆောက်ရေးကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်းနှင့် ဒေသတွင်းစက်မှုထုတ်လုပ်မှုလုပ်ငန်း ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း ဖော်ဆောင်ရန်အတွက် ၁၅ ကြိမ်မြောက် တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက စတင်ကျင်းပကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် တယ်ဟုန်ပြည်နယ်ခွဲသည် တရုတ်-မြန်မာနှစ်နိုင်ငံ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရွှေလီနှင့် ဝမ်တိန် စမတ်နယ်စပ်ဂိတ်၊ ရွှေလီ-မန်လင်း မီးရထားလမ်းကြောင်း၏ နယ်စပ်ဂိတ် ပို့ဆောင်ရေးဥယျာဥ်ဇုန်၊ ရွှေလီအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းနယ်စပ်ဂိတ်မြို့သစ်၊ ဝမ်တိန်နယ်စပ်ဂိတ်စီးပွားရေးဇုန်နှင့် တရုတ်-မြန်မာ ကုန်းလမ်းနှင့်ရေလမ်း ပူးတွဲပို့ဆောင်ရေးလမ်းကြောင်း၊ မန်စီအကောက်ခွန်မဲ့ပို့ဆောင်ရေးစင်တာ စသည့် အဓိက စီမံကိန်းများ တည်ဆောက်ရေး မြှင့်တင်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်သည် ကျယ်ပြန့်ပြီး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကြီးမားလှကြောင်း အဆိုပါဖိုရမ်တွင် တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားပါသည်။ တယ်ဟုန်ပြည်နယ်ခွဲသည် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ပေါ်လစီများ ဖလှယ်ရေး၊ အခြေခံအဆောက်အဦးတည်ဆောက်ရေး ချိတ်ဆက်ခြင်း၊ ကုန်သွယ်စီးပွားရေး အဆင်ပြေချောမွေ့စေခြင်း၊ ငွေရေးကြေးရေး ပေါင်းစည်းချိတ်ဆက်ခြင်းနှင့် လူသားတို့ စိတ်ချင်းနီးစပ်စေခြင်း မြှင့်တင်ရန် မျှော်လင့်သကဲ့သို့ တယ်ဟုန်တွင် ပိုမိုများပြားသော ပြည်တွင်းပြည်ပ လုပ်ငန်းအဖွဲ့များ လာရောက်ရင်းနှီးမြှုပ်နှံကာ ဖွံ့ဖြိုးတိုးတက်မှု အတူတကွ ဖြစ်မြောက်ပြီး ကောင်းမွန်သော အနာဂတ် လက်တွဲဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောပါသည်။

တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်သည် တရုတ်နှင့် တောင်အာရှနိုင်ငံများ၏ စီးပွားရေးအသိုင်းအဝန်းမှ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်သော ပထမဆုံး ဖိုရမ်ယန္တရားတစ်ခုဖြစ်ကြောင်း၊ ၂၀၀၄ ခုနှစ်မှစ၍ ကူမင်းတွင် ၁၄ ကြိမ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒေသတွင်းအလွှာပေါင်းစုံတို့ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသော ပလက်ဖောင်းနှင့် နှစ်စဉ်ကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်လာကြောင်း သိရပါသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)
 

တယ်ဟုန်တွင် ပိုမိုများပြားသော ပြည်တွင်းပြည်ပ လုပ်ငန်းအဖွဲ့များ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်နေ