၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် စီမံကိန်း ၁၄၉ ခုက စုစည်း၍သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် တရုတ်ယွမ်ငွေ ၄၀၀ ဘီလီယံရောက်ရှိ
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ၆ ကြိမ်မြောက်တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်း သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲဆိုင်ရာ စီးပွားရေးစီးမံကိန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်။
ယခုအကြိမ်စုစည်းချုပ်ဆိုသော စီမံကိန်းသည် ၁၆၉ ခုရှိပြီး သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံတန်ဖိုးသည် တရုတ်ငွေယွမ် ၄၀၀ ဘီလီယံ ရှိခဲ့ပါသည်။ ထို့အတူ ကုန်စည်ပြပွဲပြီးနောက် စီမံကိန်း ၂၂၃ ခုက သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး သက်ဆိုင်ရာ ရင်းနှီးမြှုပ်မှုတန်ဖိုးမှာ တရုတ်ငွေ ဘီလီယံ ၂၀၀ ရှိမည်ဖြစ်သည်။ အဆိုပါသဘောတူစာချုပ်ချုပ်ဆိုသော စီမံကိန်းများတွင် အစိမ်းရောင်စွမ်းအင်၊ ကုန်းပြင်မြင့် ထူးခြားချက်လက္ခဏာရှိ လယ်ယာစိုက်ပျိုးရေး၊ ယဥ်ကျေးမှု ခရီးသွားလာရေးနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အချက်အလက်သစ်၊ ဇီဝဆေးဝါး၊ ရှေ့တန်းရောက်အဆင့်မြင့်ကုန်ထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ပါသည်။
(သတင်းရင်းမြစ်- chinanews၊ ဘာသာပြန်- Yunnan gateway)