ယွီရှီးယဥ်ကျေးမှုနှင့်ခရီးသွားလာရေးသည် ၆ ကြိမ်မြောက် တောင်အာရှကုန်စည်ပြပွဲတွင် ပါဝင်ပြသ
2022-11-24 16:45:00
အရင်းအမြစ်:玉溪日报
နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပသည့် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲသည် ကူမင်းတျိန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ၌ ကျင်းပခဲ့ပါသည်။ ယွီရှီးမြို့ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးလုပ်ငန်းသည် ယခုအကြိမ်ကုန်စည်ပြပွဲတွင် ပါဝင်ကာ ခင်းကျင်းပြသခဲ့ပါသည်။
ယွီရှီးမြို့ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးပုံရိပ်ပြခန်းတွင် ဗီဒီယို၊ စာသား၊ ဓာတ်ပုံနှင့် ထူးခြားချက်လက္ခဏာပါကုန်စည်များပြသခြင်း စသည်တို့ဖြင့် ယွီရှီးမြို့၏ ထူးခြားချက်လက္ခဏာကို ဘက်ပေါင်းစုံမှ တင်ဆက်ပြသခဲ့ပါသည်။
ခရီးသွားလာရေးကုန်စည်ပြသခန်းတွင် ကြေးထည်၊ ကြွေထည်နှင့် လက်ဖက်ဆိုင်ရာကုန်စည်များက ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
(သတင်းရင်းမြစ်- ယွီရှီးနေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway)