တောင်အာရှကုန်စည်ပြပွဲတွင် ယွီရှီးမြို့က ရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း အောင်မြင်မှုအသီးအပွင့် များစွာရရှိခဲ့
2022-11-24 17:16:44
အရင်းအမြစ်:玉溪日报
နိုဝင်ဘာလ ၂၀ ရက်နေ့ ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲတွင် ယွီရှီးမြို့ ကုန်သွယ်ရေးအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်းဆိုင်ရာစီမံကိန်း ၂၁ ခုကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ရင်းနှီးမြှုပ်နှံရမည့်တန်ဖိုးသည် တရုတ်ငွေယွမ် ၃၉.၈ ဘီလီယံခန့် ရှိမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းတွင် ကုန်းပြင်မြင့် ထူးခြားချက်လက္ခဏာပါခေတ်သစ်လုပ်ငန်း၊ ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် ခေတ်သစ်ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း စသည်တို့ပါဝင်ပါသည်။
(သတင်းရင်းမြစ်- ယွီရှီးနေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway)