ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲသည် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် စီမံကိန်း ၁၀ ခုကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့

2022-11-24 17:20:55
အရင်းအမြစ်:德宏州委宣传部

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ(အောက်တွင် “၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ”ဟု အတိုကောက်ခေါ်ပါသည်)၏ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ၌ ရင်းနှီးမြှုပ်နှံမှု သဘာတူညီချက်ဆိုင်ရာ စီမံကိန်း ၁၆၉ ခုကို စုစည်းကာ သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ သဘာတူညီချက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းငွေပမာဏမှာ တရုတ်ယွမ် ဘီလီယံ ၄၀၀ ကျော် ရှိကြောင်း၊ ယခုလက်ရှိအချိန်အထိ တယ်ဟုန်ပြည်နယ်ခွဲသည် စီမံကိန်း ၁၀ ခုကို သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး တင်သွင်းသော ရင်းနှီးမြှုပ်နှံမှုငွေပမာဏမှာ တရုတ်ယွမ် ၂၀.၇ ဘီလီယံရှိကြောင်း သိရပါသည်။

ယခုအကြိမ် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်း ၁၀ ခုသည် တယ်ဟုန်ပြည်နယ်ခွဲ သဘာဝလယ်တောမြို့တော် တည်ဆောက်ရေးကို ထိထိရောက်ရောက် မြှင့်တင်ပေးခြင်း၊ စက်မှုထုတ်လုပ်မှုလုပ်ငန်း အသွင်ပြောင်းလဲ အဆင့်မြှင့်တင် ခြင်းနှင့် စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တက်ကြွမှုအသစ်များ ထည့်သွင်းပေးခြင်း စသည်တို့ကို ဖော်ဆောင်သွား မည်ဖြစ်ကြောင်း တယ်ဟုန်ပြည်နယ်ခွဲမှ တာဝန်ရှိသူက မိတ်ဆက်ပြောကြားပါသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

 

 

 

ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲသည် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် စီမံကိန်း ၁၀ ခုကို သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့