တရုတ်(ယူနန်)လွတ်လပ်သော ကုန်သွယ်မှုစမ်းသပ်ဇုန် တယ်ဟုန်ဇုန်သည် တောတောင်ဒေသနှင့် ကမ်းရိုးတန်းဒေသ ချိတ်ဆက်သည့် တံခါးဖွင့်လှစ်မှုရှေ့ပြေးဒေသဖြစ်သည်

2022-11-24 17:34:17
အရင်းအမြစ်:德宏州委宣传部

၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ(အောက်တွင် “၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ”ဟု အတိုကောက်ခေါ်ပါသည်)ကျင်းပသော ကာလအတွင်း ကူမင်းတျန်းချီကွန်ဗင်းရှင်းစင်တာတွင် အမှတ် ၅ ခန်းမကြီးဖြစ်သော တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု ပြခန်းကို ဝင်ရောက်လျှင် သိပ္ပံနည်းပညာဆန်းသစ်သော တရုတ်(ယူနန်)လွတ်လပ်သော ကုန်သွယ်မှုစမ်းသပ်ဇုန် တယ်ဟုန်ဇုန်(အောက်တွင် “တယ်ဟုန်ဇုန်”ဟု အတိုကောက်ခေါ်ပါသည်)၏ ပြသနေရာ၌ ဆွဲဆောင်မှုနှင့် ပြည့်နှက်လျက်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။

“တယ်ဟုန်ဇုန်ဟာ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ တည်ထောင်ခဲ့ပါတယ်။ ကျွန်ုပ်တို့ နယ်စပ်ဖြတ်ကျော် အီး-ကော်မာ့စ်၊ နယ်စပ်ဖြတ်ကျော် ထုတ်လုပ်မှုစွမ်းရည် ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးစတဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အလေးထားဖော်ဆောင်ပါတယ်။ နယ်စပ်တစ်လျှောက် တံခါးဖွင့်လှစ်မှုရှေ့ပြေးဒေသနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အချက်အချာကျသော တံခါးပေါက်ကိုလည်း ဖန်တီးတည်ဆောက်လျက်ရှိပါတယ်”ဟု တယ်ဟုန်ဇုန် စီမံခန့်ခွဲမှုကော်မတီ မှ ကျန်းဆိုင်းက မိတ်ဆက်ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲသည် မြန်မာနိုင်ငံနှင့် သုံးဘက်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး နယ်နိမိတ်မျဥ်းမှာ ၅၀၃.၈ ကီလိုမီတာ ရှည်လျားကာ ရွှေလီ၊ ဝမ်တိန်၊ မန်စီလေဆိပ်စသည့် နယ်စပ်ဂိတ်များ ရှိကြောင်း ၎င်းက ဆက်လက် ပြောပါသည်။

“ကျွန်တော်တို့ တယ်ဟုန်ဇုန်ဟာ တရုတ်-တောင်အာရှကုန်စည်ပြပွဲကို အော့ဖ်လိုင်းကတစ်ဆင့် ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ခဲ့ပါတယ်။ နယ်စပ်တစ်လျှောက် တံခါးဖွင့်လှစ်မှုရှေ့ပြေးဒေသနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အချက်အချာကျသော တံခါးပေါက်က်ကို ဖန်တီးတည်ဆောက်ဖို့ အခြေခံပြီး ကျွန်ုပ်တို့ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်နဲ့ ရင်းနှီးမြှုပ်နှံမှု တင်သွင်းခေါ်ယူရန် လက်စွဲစာအုပ်များ ဆောင်ကြဥ်းလာပါတယ်။ ၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲမှတစ်ဆင့် တယ်ဟုန်ဇုန်၏ စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် အားသာချက်နှင့် နိုင်ငံဖြတ်ကျော်ထုတ်လုပ်မှုလုပ်ငန်း ၃ ခုတို့ အားသာချက်နှင့် တည်နေရာအားသာချက်စသည့် အားသာချက်များကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်သည်နှင့် လုပ်ငန်းရှင်များအား ပို၍ မိတ်ဆက်ပေးနိုင်ရန် ကျန်းဆိုင်းက မျှော်လင့်ထားပါသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

 


 

တရုတ်(ယူနန်)လွတ်လပ်သော ကုန်သွယ်မှုစမ်းသပ်ဇုန် တယ်ဟုန်ဇုန်သည် တောတောင်ဒေသနှင့် ကမ်းရိုးတန်းဒေသ ချိတ်ဆက်သည့် တံခါးဖွင့်လှစ်မှုရှေ့ပြေးဒေသဖြစ်သည်