လျှပ်စစ်ကား တင်ပို့မှု စဉ်ဆက်မပြတ် တိုးတက်ခြင်းက တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပိုမိုကောင်းမွန် အဆင့်မြင့်တက်လာမှုကို ထင်ဟပ်ပြသနေ
2022-11-28 15:44:27
အရင်းအမြစ်:新华社
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်နိုင်ငံ၏ စွမ်းအင်သစ် မော်တော်ယာဉ်တင်ပို့မှုသည် ၄၉၉,၀၀၀ စင်း အထိ ရှိခဲ့ပြီး ကာလတူထက် ၉၆.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် နှစ်ပေါင်းများစွာဆက်တိုက် ကမ္ဘာ့နံပတ် ၁ တွင် ရှိနေကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် စျေးကွက်ချဲ့ထွင်သည့် ကာလသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ (Xinhua)