ဆောင်းရာသီအစောပိုင်းတွင် ဤနေရာထွက် ဖရဲသီးများ စျေးကွက်တွင် စတင်ရောင်းချလာ

2022-11-28 16:00:37
အရင်းအမြစ်:芒市融媒体中心

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့ မန်ဟိုင်မြို့နယ် ဖရဲသီးဖန်လုံအိမ်တွင် ဖရဲသီးစိုက်တောင်သူများသည် ခူးဆွတ်ရင်းနှင့် သယ်ဆောင်တင်ပို့ကာ အလုပ်များလျက်ရှိနေကြပါသည်။

“အခုတစ်ကြိမ်စိုက်ပျိုးတဲ့ ‘မေတူဖရဲသီး’ဟာ အဆင့်မြင့်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးတဲ့ ဖရဲသီး တွေပါ။ ဖရဲသီးတစ်လုံးစီကို ဝတ်မှုန်ကူးယူထားပြီး ဖရဲမျိုးစေ့တစ်လုံးစီအတွက်လည်း ဖရဲသီးတစ်မျိုးတည်းကိုပဲ သိမ်းဆည်းထားပါတယ်။ ဒီဖရဲသီး မှည့်ပြီးရင် နောက်အသုတ်ဖရဲသီးတွေ စိုက်ပျိုးပါမယ်”ဟု မန်ဟိုင်မြို့နယ် မင်းရှင့်ဟင်းသီးဟင်းရွက်သမဝါယမအသင်း ဥက္ကဋ္ဌ ရန်အိမ့်ချိုက်က မိတ်ဆက်ပြောကြားပါသည်။ ဖရဲသီးမှည့်များ၏ အချိုးအစားသည် ညီမျှပြီး ၎င်း၏ အရသာသည် ချိုမြိန်လှကြောင်း၊ ဆောင်းရာသီတွင် စျေးပေါ် ရောင်းချသည့်အတွက်ကြောင့် ရောင်းရပြီး ရောင်းချဈေးလည်း မဆိုးလှကြောင်း သူက ဆက်လက်ပြောပြပါသည်။

မန်ဟိုင်မြို့နယ်သည် ဖရဲသီးစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ဒေသခံရွာသူရွာသားများ သည် အိမ်ရှေ့၌ပင် အလုပ်အကိုင်များ ရရှိနိုင်ပြီဖြစ်ပါသည်။ “အရင်တုန်းက ကျွန်မဟာ အိမ်မှာပဲ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးခဲ့ပါတယ်။ အခုဆိုရင် ဖရဲသီးတွေ အညှောက်ပေါက်တာ၊ ဝတ်မှုန်ကူးတာ၊ ပေါင်းသတ်တာ စတာတွေ လုပ်ပါတယ်”ဟု ရွာသူ ရန်းဖုန်က ပြောပါသည်။ ဖရဲသီးစိုက်ပျိုးရန် လွယ်ကူပြီး ယခုရရှိသည့် အလုပ်အကိုင် လုပ်ကိုင်သည့်နေရာမှာ အိမ်နှင့် နီးစပ်သည့်အတွက် သူမက အရမ်းကျေနပ်နေသည်။

(ဆောင်းပါးအရင်းအမြစ် - မန်စီမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

 

 


 

ဆောင်းရာသီအစောပိုင်းတွင် ဤနေရာထွက် ဖရဲသီးများ စျေးကွက်တွင် စတင်ရောင်းချလာ