သေးသွယ်သော ကြိုးတစ်ကြိုးဖြင့် အမြင်အာရုံချို့တဲ့သူများကို ဦးဆောင်ပြီး မာရသွန်တွင် ပါဝင်နိုင်စေခဲ့

2022-11-28 16:20:21
အရင်းအမြစ်:新华网

၄၂.၁၉၅ ကီလိုမီတာရှည်လျားသော မာရသွန်ပြိုင်ဆိုင်မှုလမ်းကြောင်းတွင် ၃၀ စင်တီမီတာရှည်သော ကြိုးတစ်ကြိုးကို တစ်ဘက်တွင် အမြင်အာရုံချို့တဲ့သူများက ဆွဲပြီး ကျန်သည့်တစ်ဘက်ကမူ သူတို့ကို ထိန်းသော အပြေးသမားအဖော်လုပ်သူက ဆွဲထားပါသည်။

မာရသွန်အပြေးပြိုင်လမ်းကြောင်းတွင် အမြင်အာရုံချို့တဲ့သူ အားကစားသမားတစ်ဦးသည် သာမန်အားဖြင့် အပြေးသမားအဖော်လုပ်သူ ၃ ဦးလိုက်ပါပြေးရန် လိုအပ်သည်။ သူတို့ ၃ ဦးအနက် တစ်ဦးသည် အပြေးကိုဦးဆောင်ပြီး နောက်တစ်ဦးသည် ကြိုးကိုင်ကာ အမြင်အာရုံချို့တဲ့သူကို ဦးဆောင်သည်။ ကျန်တစ်ဦးသည် နောက်က လိုက်ပြီး အမြင်အာရုံချို့တဲ့သူ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရပါသည်။

“ကျွန်တော်တို့က သူတို့ရဲ့မျက်စိဖြစ်တယ်။ သူတို့ ပြေးရာမှာ ရဲစိတ်ရဲမာန်ပေးသူလည်းဖြစ်တယ်”ဟု ရှန်ဟိုင်း Hei an အပြေးသမားအဖော်လုပ်သူများအဖွဲ့၏ တည်ထောင်သူ မစ္စတာ Cheng Yi မှ မိတ်ဆက်ပြောကြားခဲ့သည်။

၎င်းအပြေးသမားအဖော်လုပ်သူများအဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ချိန်မှ ယခုထိ မှတ်ပုံတင်ထားသူဦးရေသည် ထောင်ကျော်ရှိနေပြီဖြစ်သည်။ ၎င်းတို့အနက် အပြေးသမားအဖော်လုပ်သူ ၂၀၀၀ ကျော်ရှိပြီး အမြင်အာရုံချို့တဲ့သူအပြေးသမား ၄၀၀ ကျော်ရှိသည်။

အပြေးသမားအဖော်လုပ်သူတစ်ဦးအနေဖြင့် မာရသွန်အပြေးပြိုင်ပွဲတွင် တစ်ကြိမ်ပါဝင်ပြေးပြီးတိုင်း မိမိတစ်ဦးတည်း ပါဝင်ပြေးခြင်းထက် ပိုမိုပင်ပန်းပါသည်။ သို့ရာတွင် အမြင်အာရုံချို့တဲ့သူများက မိမိ၏ကူညီထောက်ပံ့မှုကြောင့် တစ်နေ့ထက်တစ်နေ့ စိတ်ပျော်ရွှင်လာသည်ကို တွေ့ရသောအခါ


(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန၊ ဘာသာပြန်- Yunnan gateway)
 

သေးသွယ်သော ကြိုးတစ်ကြိုးဖြင့် အမြင်အာရုံချို့တဲ့သူများကို ဦးဆောင်ပြီး မာရသွန်တွင် ပါဝင်နိုင်စေခဲ့