တရုတ်နိုင်ငံ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်ကူးဥမင်လိုဏ်ခေါင်း စီမံကိန်း၏ တောင်ဘက်ပိုင်းလိုဏ်ခေါင်း ဆောက်လုပ်မှု ပြီးစီး

2022-11-29 15:23:57
အရင်းအမြစ်:新华社

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ရှိ Kanapuri မြစ်ကူးဥမင်လိုဏ်ခေါင်း ဝင်ပေါက်အား နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China Communications Construction Company မှတာဝန်ယူတည်ဆောက်ပြီး China Road and Bridge Corporation မှ အကောင်အထည်ဖော် ဆောက်လုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်ကူးဥမင်လိုဏ်ခေါင်း စီမံကိန်း (ဘင်္ဂလားအမျိုးသားဥမင်လိုဏ်ခေါင်းစီမံကိန်း) ၏ တောင်ဘက်ပိုင်းလိုဏ်ခေါင်း ဆောက်လုပ်ပြီးစီးမှု အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဥမင်လိုဏ်ခေါင်း စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ Kanapuri မြစ်ဝတွင် တည်ရှိပြီး အရှေ့နှင့် အနောက်ဘက် မြစ်ကမ်းကို ချိတ်ဆက်ပေးကြောင်းနှင့် စုစုပေါင်း အရှည် ၉.၃ ကီလိုမီတာ ရှိကြောင်း သိရသည်။ အဆိုပါ လိုဏ်ခေါင်းဆောက်လုပ်ပြီးစီးပြီးနောက် စစ်တကောင်းမြို့၏ ပို့ဆောင်ဆက်သွယ်ရေး အခြေအနေကို ပိုမိုကောင်းမွန်စေမည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းရုံသာမက ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများကြား အပြန်အလှန် ချိတ်ဆက်မှုကို မြှင့်တင်ပေးသည့် အာရှလမ်းမကြီး ကွန်ရက်ပြီးပြည့်စုံမှုအတွက် အထောက်အပံ့ဖြစ်နိုင်သောကြောင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အကောင်အထည်ဖော်မှုနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ စီးပွားရေး စင်္ကြံတည်ဆောက်မှုအတွက် အပြုသဘောဆောင်သော အနက်အဓိပ္ပာယ်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်ကူးဥမင်လိုဏ်ခေါင်း စီမံကိန်း၏ တောင်ဘက်ပိုင်းလိုဏ်ခေါင်း ဆောက်လုပ်မှု ပြီးစီး