ကမ္ဘာ့ဖလား အုပ်စုA တွင် နယ်သာလန် နှင့် ဆီနီဂေါ အုပ်စုအဆင့်ကိုကျော်ဖြတ်၊ အုပ်စုBတွင် အင်္ဂလန်နှင့် အမေရိကန် နောက်တစ်ဆင့် တက်ရောက်

2022-11-30 19:54:46
အရင်းအမြစ်:CRI

ပေကျင်းစံတော်ချိန် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီမှ ၃၀ ရက်နေ့ မိုးလင်းချိန် ၅ နာရီအထိ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ် ၄ပွဲ ပြုလုပ်ခဲ့သည်။

ကမ္ဘာ့ဖလား အုပ်စုA တတိယအကျော့ ပွဲစဉ်တွင် နယ်သာလန်သည် ၂ ဂိုး ဂိုးမရှိဖြင့် ကာတာကို အနိုင်ရရှိပြီး အုပ်စုAမှ ပထမနေရာဖြစ်ကာ အုပ်စုအဆင့်ကိုကျော်ဖြတ်ခဲ့သည်။ ဆီနီဂေါသည် ၂ ဂိုး ၁ ဂိုးဖြင့် အီကွေဒေါကိုအနိုင်ရရှိပြီး ၆ မှတ်ဖြင့် အုပ်စုAမှ ဒုတိယနေရာဖြစ်ကာအုပ်စုအဆင့်ကိုကျော်ဖြတ်ခဲ့သည်။

ကမ္ဘာ့ဖလားအုပ်စု B တတိယအကျော့ ပွဲစဉ်တွင်အင်္ဂလန်သည် ၃ ဂိုးဂိုးမရှိဖြင့် ဝေးလ်ကိုအနိုင်ရရှိပြီးအုပ်စု Bမှ ပထမနေရာဖြစ်ကာ နောက်တစ်ဆင့် တက်ရောက် သွားသည်။ အမေရိကန်သည် ၁ဂိုး ဂိုးမရှိဖြင့်အီရန်ကိုအနိုင်ရရှိပြီးအုပ်စု B မှ ဒုတိယနေရာဖြစ်ကာ နောက်တစ်ဆင့် တက်ရောက်သွားသည်။
 

ကမ္ဘာ့ဖလား အုပ်စုA တွင် နယ်သာလန် နှင့် ဆီနီဂေါ အုပ်စုအဆင့်ကိုကျော်ဖြတ်၊ အုပ်စုBတွင် အင်္ဂလန်နှင့် အမေရိကန် နောက်တစ်ဆင့် တက်ရောက်