"တရုတ် ရိုးရာ လက်ဖက်ခြောက် လုပ်နည်းနှင့် ဆက်စပ်ဓလေ့များ" ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်
2022-11-30 20:17:07
အရင်းအမြစ်:CRI
နိုဝင်ဘာလ ၂၉ ရက်နေ့ညက တရုတ်နိုင်ငံမှ လျှောက်ထားသော "တရုတ်ရိုးရာ လက်ဖက်ခြောက်လုပ်နည်းနှင့် ဆက်စပ်ဓလေ့များ" သည် အကဲဖြတ်စိစစ်မှုတွင် အောင်မြင်ပြီး ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့မှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။ ယခုအချိန်အထိ တရုတ်နိုင်ငံသည် ယူနက်စကိုမှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင်ပါဝင်သည့် လုပ်ငန်းစဉ် ၄၃ ခုရှိပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။