Shenzhou-15 မှ အာကာသယာဉ်မှူး ၃ ဦး တရုတ်အာကာသစခန်းသို့ အောင်မြင်စွာ ဝင်ရောက်၊ အာကာသယာဉ်မှူးအဖွဲ့နှစ်ဖွဲ့ ပထမဆုံးအကြိမ် အာကာသ၌ တွေ့ဆုံ

2022-11-30 20:30:33
အရင်းအမြစ်:CRI

 

 

 

 

လူပါအာကာသယာဉ်နှင့် အာကာသစခန်း အောင်မြင်စွာ ချိတ်ဆက် ခဲ့ပြီးနောက် Shenzhou-15 မှ အာကာသယာဉ်မှူးအဖွဲ့သည် ကမ္ဘာပတ်လမ်းမော်ဂျူးထဲသို့ ဝင်ရောက်ခဲ့ကြောင်း တရုတ် လူပါ အာကာသလုပ်ငန်းရုံးမှသတင်းအရ သိရသည်။ ပြင်ဆင်မှုလုပ်ငန်းအသီးသီး ပြီးမြောက်ပြီးနောက် ပီကင်းစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက်နေ့ ၇ နာရီ ၃၃ မိနစ်တွင် အကြာကြီး စောင့်မျှော်နေပြီ ဖြစ်သော Shenzhou-14 အာကာသယာဉ်မှူးအဖွဲ့သည် “နေအိမ်တံခါး” ကို ဖွင့်လှစ်ပြီး ဝေးလံရာမှ လာသော အာကာသ ယာဉ်မှူးများ “ကောင်းကင်ဗိမာန်” တွင် လာရောက်အခြေချခြင်းကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် “အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့သော” အာကာသယာဉ်မှူးအဖွဲ့နှစ်ဖွဲ့သည် တရုတ်လူမျိုးတို့၏ ကိုယ်ပိုင် “အာကာသအိမ်ကြီး” ၌ သမိုင်းတွင်မှတ်တမ်းတင်လောက်သော အာကာသစုပေါင်းဓာတ်ပုံတစ်ပုံကို ရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်ပြီး အာကာသယာဉ်မှူး ၆ ဦးသည် အာကာသစခန်း၌ ၅ ရက်ခန့် အတူတကွ လုပ်ငန်းဆောင်ရွက်နေထိုင်ပြီး သတ်မှတ်တာဝန်များနှင့် လွှဲပြောင်းမှုလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်မည်ဖြစ်သည်။
 

Shenzhou-15 မှ အာကာသယာဉ်မှူး ၃ ဦး တရုတ်အာကာသစခန်းသို့ အောင်မြင်စွာ ဝင်ရောက်၊ အာကာသယာဉ်မှူးအဖွဲ့နှစ်ဖွဲ့ ပထမဆုံးအကြိမ် အာကာသ၌ တွေ့ဆုံ